ဇာတ်ကားများ ရွေးရန်

Moving On

2023ဇာတ်ကားအမှတ် 6.2/1085 မိနစ်

ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်တက်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေပါ။ အိမ်ထောင်ကိုယ်စီကျပြီးနောက် ဝေးကွာသွားကြရင်း အခုတော့ မြေးတွေတောင် ရနေကြတဲ့ အဘွားအရွယ်ကို ရောက်လာကြပြီ။ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါ သူ့အသုဘကို လာကြတဲ့ ကလဲရာနဲ့ အက်ဗ်လင်းတို့ ပြန်ဆုံကြပါတယ်။ သူတို့ ဒီအသုဘကို ရောက်လာကြတာမှာ တခြားရည်ရွယ်ချက်တွေလည်း ရှိနေတယ်။ ကလဲရာက ဂျွိုက်စ်ရဲ့ ခင်ပွန်းနဲ့ ရန်ကြွေးရှိနေပြီး သူ့ကို သတ်ဖို့ ကြံထားပါတယ်။ အက်ဗ်လင်းမှာလည်း အဲဒီလူကို မကြည်ဖြူရတဲ့ အကြောင်းရှိတာကြောင့် ကလဲရာကို ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်လေးဆယ်ကျော် ကြာခဲ့တဲ့ ရန်ငြိုးက ဘာလဲ၊ အဘွားနှစ်ယောက် ပူးပေါင်းပြီး ဘယ်လိုလုပ်ကြံကြမလဲဆိုတာကို ဟာသနဲ့ ရောစပ်တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း