ဇာတ်ကားများ ရွေးရန်

Death to Smoochy

2002ဇာတ်ကားအမှတ် 5.9/10109 မိနစ်

ကလေးတွေကြိုက်တဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ ရိန်းဘိုးရန်းဒေါ့ဖ်ဟာ ငွေအလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံရပြီး အလုပ်လည်းပြုတ်၊ နေစရာလည်းမရှိ ဖြစ်သွားပါတယ်။ သူ့နေရာမှာ အစားထိုးဖို့တော့ မထင်မရှား ရှယ်လ်ဒွန် မော့ပ်စ်ကို ဇွတ်အတင်း ဆွဲခေါ်လာကြတယ်။ ရှယ်လ်ဒွန်က စမူချီဆိုတဲ့ ကြံ့ဇာတ်ကောင်အဖြစ် တင်ဆက်ရင်း တဖြည်းဖြည်း အောင်မြင်လာပါတယ်။ ကိုယ့်နေရာမှာ ဝင်လာသူ အောင်မြင်နေတာကို မကျေနပ်တဲ့ ရန်းဒေါ့ဖ်က စမူချီကို အကြိမ်ကြိမ် အကွက်ဆင်ချောက်ချတော့တယ်။ တစ်ဖက်မှာလည်း စမူချီက ကလေးကြိုက်ရုပ်သံလုပ်ငန်းတွေရဲ့ အလွန်အကျွံလောဘကို လက်မခံသူပါ။ သူ့လုပ်ရပ်တွေကြောင့် ဝင်ငွေထိခိုက်လာတဲ့ စပွန်ဆာတွေကလည်း သူ့ကို မကျေနပ်လာကြဘူး။ နောက်ဆုံးတော့ ရန်းဒေါ့ဖ်နဲ့ စပွန်ဆာတွေ နှစ်ဖက်စလုံးက စမူချီကို သတ်ဖို့အထိ ကြိုးစားလာကြပါတယ်။ Robin Williams၊ Edward Norton နဲ့ Catherine Keener တို့ ပါဝင်ထားပြီး ကလေးကြိုက်ရုပ်သံအစီအစဉ်တွေရဲ့ နောက်ကွယ်ကို ဟာသနဲ့ ရာဇဝတ်မှု ရောစပ်တင်ဆက်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း