ဇာတ်ကားများ ရွေးရန်

Play Dead

2022ဇာတ်ကားအမှတ် 6.5/10106 မိနစ်

ချဲလို အဲလ်ဘရိုက်နဲ့ တီဂျေ အဲလ်ဘရိုက်တို့ မောင်နှမနှစ်ယောက်ဟာ မကြာသေးခင်ကမှ မိဘမဲ့ဖြစ်သွားပြီး အကြွေးတွေကြောင့် နေတဲ့အိမ်ကိုပါ ဆုံးရှုံးရတော့မယ့်အခြေအနေ ရောက်နေပါတယ်။ အရာရာကို တစ်ယောက်တည်း ဖြေရှင်းနေရတဲ့ အစ်မကို ကူညီချင်တဲ့ တီဂျေက ချဲလိုရဲ့ရည်းစားဟောင်း ရော့စ်နဲ့ပေါင်းပြီး ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ဖို့ ကြံစည်လိုက်တယ်။ ဒါပေမယ့် ဆိုင်ပိုင်ရှင်ဆီမှာ သေနတ်ရှိနေတဲ့အတွက် သူတို့အစီအစဉ် ပျက်သွားပြီး ထွက်ပြေးကြရပါတယ်။ တီဂျေက သေနတ်ထိသွားတဲ့ ရော့စ်ကို ထားခဲ့ပြီး ကားကိုလည်း လက်စဖျောက်ကာ အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်မှပဲ သေသွားလောက်ပြီလို့ ယူဆရတဲ့ ရော့စ်ဆီမှာ သူတို့ဓားပြတိုက်ဖို့ ပြောဆိုထားတဲ့ သက်သေတစ်ခု ကျန်ခဲ့မှန်း သတိရသွားပါတယ်။ လူသေဆုံးမှုပါရှိတဲ့ လက်နက်ကိုင်ဓားပြမှုကြောင့် တီဂျေဟာ အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တဲ့အခြေအနေပါ။ မောင်ဖြစ်သူကို လက်လွှတ်မခံနိုင်တဲ့ ချဲလိုဟာ သေချင်ယောင်ဆောင်ပြီး ရင်ခွဲရုံထဲ ဝင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာတော့ အလောင်းတွေကြားက လျှို့ဝှက်ချက်တွေကို ရှာတွေ့သွားပါတယ်။ သွေးထွက်သံယိုမြင်ကွင်းတွေအတွက် အထူးပြုမိတ်ကပ်ကို အသုံးပြုထားပြီး လူ့လောကရဲ့ အမှောင်ဘက်အကြောင်း အယူအဆတွေကိုလည်း ထည့်သွင်းတင်ဆက်ထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း