The Milagro Beanfield War
နယူးမက္ကဆီကိုပြည်နယ်က မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးမှာ လူပေါင်း ၄၅၀ လောက် နေထိုင်ကြပါတယ်။ အရင်က ရေပေါများပြီး စိုက်ပျိုးရေးအဆင်ပြေခဲ့ပေမယ့် ဆည်တည်ဆောက်ပြီးနောက် မြို့အတွက် ရေလွှတ်မပေးတော့လို့ စိုက်ခင်းတွေ ခြောက်သွေ့ကုန်တယ်။ ဒေသခံတွေ ဘာမှစိုက်လို့မရချိန်မှာ မြို့ကို ပြန်လည်ပြုပြင်နေတဲ့ အံ့ဖွယ်တောင်ကြားပရောဂျက်က ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်း ဖောက်ပေးထားပါတယ်။ အဲဒီရေကို ဒေသခံတွေ သုံးခွင့်မရှိပါဘူး။ တစ်နေ့မှာ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်လည်းရှား၊ စိုက်ပျိုးလို့လည်းမရတဲ့အဖြစ်ကို စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကို ကန်လိုက်မိတယ်။ ရေမြောင်းပေါက်သွားပြီး သူ့ပဲခင်းထဲကို ရေဝင်သွားရာက ပြဿနာစတော့တာပါ။ ပဲခင်းငယ်တစ်ခင်းကို ရေသွင်းမိတဲ့ကိစ္စကနေ ဂျိုးဟာ ကုမ္ပဏီကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာရပြီး နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါလာပါတယ်။ ၁၉၈၈ ခုနှစ်ထွက် ဒီဇာတ်ကားကို John Nichols ရဲ့ အမည်တူဝတ္ထုအပေါ် အခြေခံပြီး Robert Redford က ရိုက်ကူးထားပါတယ်။ ဒရာမာ၊ ဟာသနဲ့ စိတ်ကူးယဉ်အကြောင်းအရာတွေ ရောစပ်ထားပြီး ၁၉၈၉ ခုနှစ်မှာ မူရင်းနောက်ခံတေးဂီတအတွက် အော်စကာဆု ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း