ဇာတ်ကားများ ရွေးရန်

Bayi Ajaib

2023ဇာတ်ကားအမှတ် 4.4/1097 မိနစ်

ကိုဆင်ဟာ မြစ်ထဲမှာ ရွှေကျင်ရင်း ရွှေတုံးကြီးတစ်တုံး ရလိုက်ရာက သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံလာပြီဆိုတော့ ဇနီးဖြစ်သူ လာရာနဲ့အတူ ရွာမှာပဲ အခြေချပြီး ရွာကောင်းကျိုးအတွက် လုပ်ပေးဖို့ စိတ်ကူးထားတယ်။ လာရာကလည်း ကိုယ်ဝန်နေ့စေ့လစေ့နဲ့ မီးဖွားခါနီးနေပါပြီ။ တစ်နေ့မှာ လာရာဟာ မီးဖွားဖို့ သွားပြပြီး အပြန်လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ထွက်ပြေးရင်း တောနက်ထဲ ရောက်သွားပါတယ်။ သူရောက်နေတဲ့နေရာမှာ လူတစ်ယောက်ရဲ့အုတ်ဂူ ရှိနေပြီး အဲဒီညက လကြတ်တဲ့ည ဖြစ်နေတယ်။ ဇာတ်လမ်းထဲက ယုံကြည်မှုအရ လကြတ်ညမှာ နတ်ဆိုးဖမ်းစားတတ်လို့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပြင်မထွက်ရပါဘူး။ အခုတော့ မီးဖွားခါနီး ကိုယ်ဝန်ဆောင်လာရာဟာ အဲဒီလိုညမျိုးမှာ တောထဲက အုတ်ဂူတစ်ခုဘေးကို ရောက်နေခဲ့ပါပြီ။

ဇာတ်လမ်းအကြောင်း