ဇာတ်ကားများ ရွေးရန်

This Is the End

2013ဇာတ်ကားအမှတ် 6.2/10106 မိနစ်

IMDb 6.6 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီး Dark Comedy/ Horror ကားပရိတ်သတ်တွေအတွက်ရည်ရွယ်ပါတယ် ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါ ထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့ နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲ Harry Potter မင်းသမီးလေး Emma Watson ရော Rihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသား James Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ် နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲ တခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့ အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေ ကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့... Translated & Review By May Myat Thu Encoded By LK

ဇာတ်လမ်းအကြောင်း