ဇာတ်ကားများ ရွေးရန်

Alkhallat+

2022ဇာတ်ကားအမှတ် 6.9/10116 မိနစ်

Alkhallat+ ဟာ ဟာသဇာတ်လမ်းတို လေးပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ ဆော်ဒီရုပ်ရှင်ပါ။ ဆော်ဒီရဲ့ YouTube ပရိသတ်ကြားမှာ နာမည်ရပြီးသား Alkhallat စီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးပုဒ်လုံးမှာ ဆင်းရဲသူဖြစ်ဖြစ်၊ ချမ်းသာသူဖြစ်ဖြစ် အကျပ်အတည်းထဲ ရောက်သွားတဲ့အခါ လွတ်မြောက်ဖို့ ရရာနည်းလမ်းကို ရှာကြတဲ့အကြောင်း ပြထားတယ်။ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ တခြားလူတွေကိုပါ အသုံးချတတ်ပုံကို မျက်နှာတည်တည်နဲ့ သရုပ်ဆောင်ထားတဲ့ ဟာသမျိုးပါ။ ဆော်ဒီလူမှုဘဝထဲက အကျင့်ပျက်မှုတွေနဲ့ ကြောင်သူတော်ဆန်မှုတွေကိုလည်း သရော်ထားပြီး ဆော်ဒီရဲ့ ဓလေ့နဲ့ လူနေမှုအချို့ကို မြင်ရတဲ့ အမည်းရောင်ဟာသဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း