One True Loves
အမ်မာဘလဲရ်နဲ့ ဂျက်စီတို့ဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ ဆုံတွေ့ပြီး လက်တွဲခဲ့ကြသူတွေပါ။ ဂျက်စီက မှတ်တမ်းရုပ်ရှင်တွေ ရိုက်ရတာကို နှစ်သက်ပြီး အမ်မာကတော့ ခရီးသွားဘလော့ဂ်တွေ ရေးရတာကို ဝါသနာပါတယ်။ စိတ်တူကိုယ်တူရှိကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝထဲမှာ ဂျက်စီ ပျောက်ဆုံးသွားတဲ့အခါ အမ်မာက သူ့ကို ထာဝရဆုံးရှုံးလိုက်ရပြီလို့ ထင်ခဲ့တယ်။ ဆမ်လီကတော့ အမ်မာရဲ့ ကျောင်းနေဖက် အခင်ဆုံးသူငယ်ချင်းပါ။ အမ်မာကို အရင်ဆုံးတွေ့ပြီး ချစ်နေခဲ့ပေမယ့် ဖွင့်မပြောဖြစ်ခဲ့လို့ တစ်ဖက်သတ်အချစ်နဲ့ပဲ ရပ်နေခဲ့ရသူ ဖြစ်ပါတယ်။ နောက်တော့ ဆမ်နဲ့ အမ်မာ ပြန်ဆုံကြတယ်။ ဂျက်စီမရှိတော့တာ သုံးနှစ်ကြာလာတဲ့အချိန်မှာ အမ်မာလည်း ဆုံးရှုံးမှုကို လက်ခံပြီး နောက်တစ်ကြိမ် ချစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ ဂျက်စီဟာ မသေဆုံးဘဲ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ သောင်တင်နေခဲ့တာပါ။ အမ်မာကို ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လေးနှစ်လုံး အသက်ရှင်ဖို့ ကြိုးစားခဲ့ပေမယ့် ပြန်ရောက်လာချိန်မှာတော့ သူ့ဇနီးမှာ စေ့စပ်ထားသူ ရှိနေပြီ။ ထာဝရပျောက်ဆုံးသွားပြီလို့ ထင်ထားတဲ့ ခင်ပွန်းနဲ့ ဘဝကို ပြန်စဖို့ ရွေးချယ်ထားတဲ့ ချစ်သူတို့ကြား အမ်မာ ဘယ်လိုဆုံးဖြတ်မလဲ။ Luke Bracey နဲ့ Simu Liu တို့ အဓိကပါဝင်ထားတဲ့ အချစ်ဟာသဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်တေးတွေလည်း ထည့်သွင်းထားပါတယ်။
ဇာတ်လမ်းအကြောင်း