Black Box
ကားမတော်တဆမှုတစ်ခုကြောင့် နိုလန်ဟာ ဇနီးသည်ကို ဆုံးရှုံးလိုက်ရသလို သူ့ရဲ့မှတ်ဉာဏ်တွေလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆရာဝန်တွေအားလုံး လက်လျှော့ထားချိန်မှာ သတိပြန်ရလာပေမယ့် အရင်ကအကြောင်းတွေကိုတော့ ပြန်မမှတ်မိနိုင်သေးဘူး။ မှတ်ဉာဏ်ပြန်ရဖို့ ကုသမှုတွေခံယူရင်း မထူးခြားလာတဲ့အဆုံး ဆရာဝန်ဖြစ်တဲ့ သူငယ်ချင်းရဲ့လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရုဆီ ရောက်သွားပါတယ်။ ဒေါက်တာဘရုနဲ့အတူ ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေကို ဘယ်လိုပြန်ရှာကြမလဲ။ နိုလန် သတိပြန်ရလာတာက သာမန်ထက်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုလား၊ ဘရုကရော သူ့ကို ရိုးရိုးသားသား ကူညီနေတာလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ ဘရု လျှို့ဝှက်ထားတဲ့အရာတွေက ဘာတွေလဲဆိုတာကိုလည်း ဆက်သိရဦးမှာပါ။ ၂၀၂၀ ခုနှစ်ထွက် အမေရိကန် သိပ္ပံစိတ်ကူးယဉ်နဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး သရဲမပါဘဲ ချောက်ချားစရာအခြေအနေတွေကို တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း