ဇာတ်ကားများ ရွေးရန်

Janaki Jaane

2023ဇာတ်ကား

ဂျာနာကီက နယ်မြို့လေးတစ်မြို့မှာ နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ ငယ်ငယ်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဒဏ်ရာရနေပြီး တစ်ယောက်တည်း မနေရဲသလို အမှောင်ကိုလည်း အလွန်ကြောက်တတ်တယ်။ သစ်ကိုင်းခြောက်လေး ပြုတ်ကျတာကိုတောင် လန့်ပြီး သတိလစ်သွားနိုင်တဲ့အထိပါပဲ။ ဒီလိုကြောက်ရွံ့မှုတွေကြောင့် အိမ်ထောင်ဖက်တွေ့ဖို့ ကြိုးစားတိုင်း အဆင်မပြေဘဲ အိမ်ထောင်မကျသေးတာပါ။ အဲဒီလို ဂျာနာကီကိုမှ ဟိုနေရာဒီနေရာ ဝင်ပါလေ့ရှိတဲ့ လူငယ်တစ်ယောက်က မြင်မြင်ချင်း ချစ်မိသွားပါတယ်။ သူက လူကြီးတွေကနေတစ်ဆင့် ဂျာနာကီကို ချဉ်းကပ်ဖို့ ကြိုးစားလာတယ်။ အကြောက်ကြီးတဲ့ မိန်းကလေးနဲ့ အရာရာမှာ ဝင်ပါတတ်တဲ့ လူငယ်တို့ရဲ့ အချစ်ဇာတ်လမ်းကို မာလေယာလမ်စကားပြော ရုပ်ရှင်အဖြစ် ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း