Can't Help Falling in Love
ဂက်ဘ်ဟာ ခြောက်နှစ်ကျော် တွဲလာတဲ့ ရည်းစားနဲ့ မကြာခင် လက်ထပ်တော့မယ့် မိန်းကလေးပါ။ ဒါပေမယ့် သူငယ်ချင်းရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီး ဒို့စ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိခဲ့တယ်။ နှစ်ယောက်စလုံး ဒီအဖြစ်ကို မမှတ်မိကြသလို အဲဒီစာချုပ်က တရားဝင်နေမယ်လို့လည်း မထင်ခဲ့ကြပါဘူး။ ရည်းစားနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတုန်း စာချုပ်က ဂက်ဘ်ဆီ ရောက်လာတော့မှ ပြဿနာစတော့တယ်။ ဂက်ဘ်က ဒို့စ်ကို လိုက်ရှာပြီး အကြောင်းစုံရှင်းပြကာ ကွာရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမယ့် သူတို့အတွက် ကွာရှင်းခွင့်ရဖို့က မလွယ်ဘူး။ အဲဒီလိုနဲ့ ကွာရှင်းခွင့်တောင်းတဲ့အခါ သက်သေအဖြစ် တင်ပြနိုင်မယ့် အကြောင်းပြချက်တွေကို ဖန်တီးရင်း နှစ်ယောက်သား တဖြည်းဖြည်း နီးစပ်လာကြတယ်။ ဒို့စ်က ဂက်ဘ်ကို ချစ်မိလာတဲ့အခါ ဂက်ဘ်ဘက်ကရော နှစ်ရှည်တွဲလာတဲ့ ရည်းစားကို စွန့်လွှတ်နိုင်မလား။ သူ့ရည်းစားက လက်ထပ်စာချုပ်အကြောင်း သိသွားမလား၊ စီစဉ်ထားတဲ့ မင်္ဂလာပွဲကရော ဖြစ်လာနိုင်ဦးမလားဆိုတာ ဆက်ကြည့်ရမှာပါ။ KathNiel လို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ ပါဝင်ထားတဲ့ ဖိလစ်ပိုင်အချစ်ဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း