Frances Ha
အသက် ၂၇ နှစ်အရွယ် ဖရန့်စစ် ဟယ်လာဒေးဟာ အောင်မြင်တဲ့ အကပညာရှင်ဖြစ်ချင်လို့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့ကနေ နယူးယော့ခ်ကို ရောက်လာသူပါ။ အကကုမ္ပဏီတစ်ခုမှာ အရံလူအဖြစ် လုပ်နေရင်း သူ့အိပ်မက်အတွက် ကြိုးစားနေတယ်။ နေဖို့အတွက်တော့ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီနဲ့ တိုက်ခန်းတစ်ခု အတူငှားထားပါတယ်။ ဖရန့်စစ်နေရာမှာ Greta Gerwig နဲ့ ဆိုဖီနေရာမှာ Mickey Sumner တို့ သရုပ်ဆောင်ထားကြတာပါ။ တစ်နေ့ ဆိုဖီက ပိုကောင်းတဲ့ တိုက်ခန်းတစ်ခုဆီ ပြောင်းသွားတဲ့အခါ သူငယ်ချင်းကို အလွန်တွယ်တာတဲ့ ဖရန့်စစ်အတွက် အပြောင်းအလဲတစ်ခု ဖြစ်လာတယ်။ ပြဿနာရှိတိုင်း ပေါ့ပေါ့ပါးပါး ဖြေရှင်းတတ်တဲ့ သူဟာ နယူးယော့ခ်မှာ ဆက်နေထိုင်နိုင်ဖို့ ရုန်းကန်ရတော့မယ်။ လုပ်သမျှ အဆင်ပြေပါ့မလား၊ အကပညာရှင်ဖြစ်ချင်တဲ့ အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတဲ့ သူ့ဘဝကို အဖြူအမည်းနဲ့ ရိုက်ကူးထားပါတယ်။ နေ့စဉ်ဘဝက သူငယ်ချင်းဆက်ဆံရေး၊ ရည်မှန်းချက်အတွက် ကြိုးစားရမှု၊ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကို ဟာသနဲ့ တွဲဖော်ပြထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း