TANG AND ME
မဝေးတော့တဲ့ အနာဂတ်ကာလမှာ နည်းပညာတိုးတက်လာပြီး လူတွေရဲ့ နေ့စဉ်အလုပ်တွေကို ကူညီပေးဖို့ လှလှပပ စက်ရုပ်တွေ ကိုယ်စီရှိနေကြပါပြီ။ အဲဒီစက်ရုပ်တွေကြားက တန်ဂ်ကတော့ ဟောင်းနွမ်းပြီး ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့ပါ။ ထူးခြားတာက တခြားစက်ရုပ်တွေမှာ မရှိတဲ့ စိတ်ခံစားချက်တွေ သူ့မှာ ရှိနေတယ်လို့ ဆိုပါတယ်။ တစ်နေ့ ဒီတန်ဂ်လေးဟာ ကန်တို့မိသားစုရဲ့ အိမ်နောက်ခြံထဲ ရောက်လာတယ်။ ကန်က အလုပ်သင်ဆရာဝန်လုပ်ခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် ဆေးပညာလောကကနေ အနားယူထားသူပါ။ အခုတော့ အလုပ်မလုပ်ဘဲ အိမ်မှာ တစ်နေကုန် ဂိမ်းဆော့ရင်း အချိန်ကုန်နေတယ်။ ဇနီးဖြစ်သူ အဲမီက ရှေ့နေအလုပ်နဲ့ အိမ်မှုကိစ္စတွေကို တစ်ဖက်စီလုပ်ရင်း မိသားစုကို ဦးဆောင်နေရတော့ ခင်ပွန်းကို အလုပ်တစ်ခုခု လုပ်စေချင်ပါတယ်။ ကန်က အလုပ်အင်တာဗျူးတောင် မသွားခဲ့ဘူးဆိုတာ သိသွားတဲ့အခါ အဲမီဟာ စိတ်ဆိုးပြီး သူ့ကို အိမ်က မောင်းချလိုက်တယ်။ ကန်က အဲမီ့ကို ပြန်ချော့ဖို့ သူလိုချင်တဲ့ စားဖိုမှူးစက်ရုပ်ကို ရအောင်လုပ်ပေးဖို့ စဉ်းစားလိုက်ပါတယ်။ အဲဒီစက်ရုပ်နဲ့ တန်ဂ်ကို လဲလှယ်ယူဖို့ ကန်နဲ့ တန်ဂ်တို့ ခရီးထွက်လာကြတယ်။ လမ်းမှာ သူတို့ဘာတွေ ကြုံရမလဲ၊ တန်ဂ်ရဲ့ နောက်ကြောင်းက ဘယ်လိုလဲဆိုတာနဲ့အတူ လူတစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်ကြားက သံယောဇဉ်ကို ပြောပြထားပါတယ်။
ဇာတ်လမ်းအကြောင်း