Raghavendra Stores
အသက် ၄၀ အရွယ် လူပျိုကြီး ဟာယာဗာဒါနာက ပျော်ပျော်နေတတ်ပြီး အချက်အပြုတ်တော်သူပါ။ သာရေးနာရေးပွဲတွေမှာ အိုးသူကြီးလုပ်ရင်း လူမှုအကျိုးပြုအလုပ်တွေကိုလည်း လုပ်ကာ ဘဝကို ဖြတ်သန်းနေတယ်။ တစ်ရက်မှာ သူ့အိုးသူကြီးအဖွဲ့ထဲက စကားမပြောနိုင်တဲ့ ကိုဂလီအတွက် မိန်းမလိုက်တောင်းပေးရာကနေ သူကိုယ်တိုင်လည်း အိမ်ထောင်ပြုချင်စိတ် အသည်းအသန်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ကိုယ်လိုချင်တာနဲ့ ကြုံလာရတာက မကိုက်ဘဲ ဖြစ်နေခဲ့တယ်။ နောက်ဆုံး အဖေ့အကူအညီနဲ့ သူကြိုက်တဲ့ မိန်းကလေးကို လက်ထပ်ခွင့်ရလာပေမယ့် မင်္ဂလာဆောင်တဲ့နေ့မှာပဲ ပြဿနာတစ်ခု ထပ်ပေါ်လာပါတယ်။ ဂြိုဟ်နက္ခတ်တွေ မကိုက်လို့ သတို့သားနဲ့ သတို့သမီး လေးရက်လောက် အတူမနေကြဖို့ ဗေဒင်ဆရာက ပြောလိုက်တာပါ။ အိမ်ထောင်ပြုဖို့ ဒီလောက်မျှော်လင့်ခဲ့ရတဲ့ ဟာယာဗာဒါနာတစ်ယောက် ဇနီးနဲ့အတူ နေနိုင်ဖို့ ကြိုးစားရာက ဘယ်လိုအလွဲတွေ ကြုံလာမလဲဆိုတဲ့ ဟာသဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း