ဇာတ်ကားများ ရွေးရန်

Gold Or Shit / G For Gap

2024ဇာတ်ကားအမှတ် 6.6/10103 မိနစ်

"လောကကြီးက ငါ့အပေါ်မကောင်းဘူး" "ငါဟာလူရာမဝင်တဲ့သူ" "ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်" "ငါဘာကြောင့် အသက်ရှင်နေရတာလဲ" ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင် Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်.. တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်.. မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့် သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်.. ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီး ထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်... မူလတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့် အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကို တစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်... အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့ သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်... ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို... ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ... အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား... ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား... တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့ Filesize : 753 MB / 458 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Comedy , Family Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK

ဇာတ်လမ်းအကြောင်း