ဇာတ်ကားများ ရွေးရန်

Wild Wild West

1999ဇာတ်ကားအမှတ် 5.3/10106 မိနစ်

ဗိုလ်ကြီး Jim West(Will Smith)ဟာ အမေရိကန်ပြည်တွင်းစစ်ပွဲတစ်ခုက ဗိုလ်ကြီးဟောင်းတစ်ယောက်ပါ Artemus Gordon(Kevin Kline)ကတော့ ရုပ်ဖျက်တဲ့နေရာမှာကျွမ်းကျင်လွန်းပြီး ဆရာလုပ်လွန်းတဲ့ အမေရိကန်ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်ပါတယ် တစ်နေ့မှာ General MacGrath(Salma Hayek)ဆိုသူက အမေရိကန်နိုင်ငံနိုင်ငံရဲ့ ထိပ်တန်းသိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တယ် ဒီပြန်ပေးဆွဲတဲ့အမှုကိုလိုက်ဖို့ ဌာနအသီးသီးက ခေါင်းဆောင်တွေက Jim West နဲ့ Atemus Gordonကို တာဝန်ပေးအပ်ခဲ့ပါတယ် ဒါ့အပြင် Dr.Arliss Loveless(Kenneth Brangah)အမည်နဲ့ ဆိုက်ကိုကောင်တစ်ကောင်က အမေရိကန်နိုင်ငံကို လက်နက်ချဖို့အတွက် ထူးဆန်းတဲ့လက်နက်တွေတီထွင်ထားပြီး သမ္မတကြီးကို ခြိမ်းခြောက်ခဲ့တယ် ဒီအတွက် သမ္မတကြီးက အမေရိကန်နိုင်ငံကို ကယ်တင်နိုင်ဖို့အတွက် ဒီလူစွမ်းကောင်းနှစ်ယောက်ကို ခေါ်လိုက်ရပါတော့တယ် အဲ့ဒီနောက်မှာတော့ သေနတ်တရမ်းရမ်းလုပ်နေတတ်တဲ့ Jim West နဲ့ Artemus Gordon တို့နှစ်ယောက်ဆုံတဲ့အခါမှာတော့ ဖြစ်လာတဲ့တလွဲတွေကို ရယ်စရာအဖြစ်မြင်တွေ့ခံစားရမှာပါ General MacGrathကရော ဘာအတွက်သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ Dr.Arliss Lovelessနဲ့ရော ဘယ်လိုပတ်သတ်ဆက်နွှယ်နေပြီး အပေးအယူ အကြံအစည်တွေရှိနေသလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် Translated by Yuki Aurora Encoded by sithu

ဇာတ်လမ်းအကြောင်း