ဇာတ်ကားများ ရွေးရန်

Ravenous

1999ဇာတ်ကားအမှတ် 6.8/10101 မိနစ်

အမေရိကန်နဲ့ မက္ကဆီကန် စစ်ပွဲအတွင်း ဗိုလ်ကြီး ဂျွန်ဘွိုက်ဟာ ရန်သူ့စခန်းကို တစ်ယောက်တည်း သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထက်အရာရှိတွေက အဖြစ်မှန်ကို သိသွားတဲ့အခါ သူ့ကို ရာထူးတိုးပေးသလို ပြပြီး ဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့ စေလွှတ်လိုက်တယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတုန်း ကိုလ်ဟွန်းဆိုတဲ့ လူစိမ်းတစ်ယောက် ငတ်ပြတ်လျက် ရောက်လာပါတယ်။ သူပြောပြသမျှအရ သူတို့အဖွဲ့ဟာ ဂူတစ်ခုထဲမှာ အငတ်ဘေးကြုံပြီး လူသားစားတဲ့အထိ ဖြစ်ခဲ့ကြတယ်။ အချင်းချင်း သတ်ဖြတ်ကြရင်း လူသုံးယောက်ပဲ ကျန်တော့တဲ့အချိန်မှာ သူလည်း အသတ်ခံရမှာကြောက်လို့ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။ ဂူထဲမှာ ကျန်ရစ်သူတွေ ရှိသေးတယ်ဆိုတဲ့ ကိုလ်ဟွန်းရဲ့စကားကြောင့် ဘွိုက်တို့အဖွဲ့ ကယ်ဆယ်ဖို့ ထွက်သွားကြတယ်။ ကယ်ဆယ်ရေးခရီးမှာ အဖြစ်မှန်ကို သိလာတဲ့အခါ သူတို့ ဘာတွေဆက်ကြုံရမလဲ၊ လူသားစားသူတွေမှာရော ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ။

ဇာတ်လမ်းအကြောင်း