Tid Noi: More Than True Love
Pee Mak၊ Ghost of Mae Nak၊ Nak နဲ့ Nang Nak တို့မှာ တွေ့ခဲ့ရတဲ့ ထိုင်းမီးနေသည်သရဲ Mae Nak အကြောင်းကို ဒီတစ်ခါ တခြားလူတစ်ယောက်ရဲ့ဘက်ကနေ ပြောထားပါတယ်။ အဓိကဇာတ်ကောင်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak နဲ့ Mae Nak တို့အနက် တစ်ယောက်ယောက်မဟုတ်ဘဲ Mae Nak တို့အိမ်နားက Tid Noi ပါ။ Tid Noi က Mae Nak နဲ့ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်ဖြစ်ပြီး သူ့အပေါ်ထားတဲ့အချစ်ကလည်း Pee Mak ထက် မလျော့ပါဘူး။ ကိုယ်မပိုင်ဆိုင်နိုင်မှန်း သိနေပေမယ့် Mae Nak ကိုပဲ စွဲစွဲမြဲမြဲချစ်နေတယ်။ ဒီလိုနဲ့ သူ့ဘက်က ပေးဆပ်ရင်း ကြုံရတဲ့ သနားစရာအလွဲတွေကို ဟာသနဲ့ တွဲတင်ဆက်ထားပါတယ်။ Mae Nak တို့ဇနီးမောင်နှံရဲ့ ကြေကွဲစရာဇာတ်လမ်းကိုလည်း မတူတဲ့ သရုပ်ဆောင်တွေနဲ့ ၂၀၂၃ ခုနှစ်ပုံစံအဖြစ် ပြန်မြင်ရမှာပါ။
ဇာတ်လမ်းအကြောင်း