Discontinued
ကိုယ်နေထိုင်လာတဲ့ ကမ္ဘာကြီးက အနာဂတ်လူသားတွေ ဖန်တီးထားတဲ့ ကမ္ဘာတုတစ်ခု ဖြစ်နေတယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဒီဇာတ်လမ်းမှာတော့ ပိုအဆင့်မြင့်တဲ့ အနာဂတ်လူသားတွေက အခြေအနေအမျိုးမျိုး ပြောင်းလဲသွားရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ စမ်းသပ်ဖို့ ကမ္ဘာတုဘီလျံပေါင်းများစွာ ဖန်တီးထားကြပါတယ်။ လူသားတွေ နေထိုင်နေတဲ့ ကမ္ဘာဟာလည်း အဲဒီထဲက တစ်ခုဖြစ်ကြောင်း ဖန်တီးသူတွေက အားလုံးကို အသိပေးလိုက်တယ်။ ဒါတင်မကဘဲ ဒီစမ်းသပ်မှုကို တစ်ပတ်အတွင်း ရပ်တန့်တော့မယ်လို့ပါ ကြေညာလိုက်ပါတယ်။ လူသားတွေအတွက် ရွေးချယ်စရာနှစ်ခု ရှိတယ်။ ကိုယ်သိခဲ့ဖူးတဲ့ လူတွေနဲ့ အရာအားလုံး မရှိတော့ဘဲ ထိန်းချုပ်သူလည်း မရှိတော့တဲ့ ဒီကမ္ဘာထဲမှာ ဆက်ရှင်သန်ဖို့ ကြိုးစားမလား။ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ အသိအမြင်တွေ မရှိတော့ဘဲ ကိုယ့်ဘဝရဲ့ အကောင်းဆုံးအမှတ်တရ ငါးခုကိုသာ သိထားမယ့် ပျော်ရွှင်အေးချမ်းရာ ကမ္ဘာအသစ်ဆီ ပြောင်းသွားမလားဆိုတာပါ။ တစ်သက်လုံး နေထိုင်လာတဲ့ကမ္ဘာရဲ့ အဖြစ်မှန်ကို သိလိုက်ရတော့ လူအများစုက စိုးရိမ်ကြပေမယ့် ဆာရာကတော့ စိတ်အေးသွားတယ်။ သူလုပ်ခဲ့တဲ့ အမှားတွေဟာ သူ့ကြောင့်မဟုတ်ဘဲ ကမ္ဘာကို ထိန်းချုပ်နေတဲ့ ဖန်တီးသူတွေကြောင့်လို့ ယူဆလိုက်တဲ့အတွက် အပြစ်ရှိသလို မခံစားရတော့ဘူး။ ဒီမှာဆက်နေရင်လည်း သူ့အတွက် စိတ်ထိခိုက်စရာဖြစ်စေတဲ့ လူတွေ မရှိတော့လို့ အေးအေးချမ်းချမ်း နေနိုင်မယ်လို့ တွေးတယ်။ ထွက်သွားရင်လည်း ပျော်စရာအမှတ်တရ ငါးခုနဲ့ ဘာမှစိတ်ရှုပ်စရာ မရှိတော့ဘူးပေါ့။ ဆာရာ ဘယ်လမ်းကို ရွေးမလဲ။ သူရွေးလိုက်တဲ့ဘဝက သူမျှော်လင့်ထားသလို ဖြစ်လာပါ့မလား၊ ဒီကမ္ဘာကြီးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ။
ဇာတ်လမ်းအကြောင်း