The Edge of Her Mind Anthology
အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို အမျိုးသမီးရုပ်ရှင်ဖန်တီးသူတွေက ပုံဖော်ထားတဲ့ ဇာတ်ကားတိုရှစ်ကားကို စုစည်းထားတာပါ။ Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid တို့ ပါဝင်ပါတယ်။ တစ်ဆက်တည်းဇာတ်လမ်းတစ်ပုဒ် မဟုတ်တဲ့အတွက် တစ်ကားချင်း ခွဲကြည့်လို့လည်း ရပါတယ်။ စိတ်ကျန်းမာရေးကို အခြေခံထားပေမယ့် တင်ဆက်ပုံတွေက တစ်မျိုးတည်း မဟုတ်ပါဘူး။ ဟာသနက်၊ ထိတ်လန့်စရာ၊ နေ့စဉ်ဘဝနဲ့ အချစ်ဇာတ်လမ်း စတဲ့ အမျိုးအစားတွေ ပါဝင်ပြီး စိတ်မသက်မသာ ဖြစ်စေနိုင်တဲ့ အခန်းတွေလည်း ရှိပါတယ်။ အမျိုးသမီးတွေရဲ့အကြောင်းကို အဓိကပြောထားပေမယ့် ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ကျားမမရွေး ဆင်တူနိုင်ကြောင်းနဲ့ ထုတ်မပြောဖြစ်တဲ့ အတွေးတွေကိုလည်း ဒီဇာတ်ကားတိုတွေကနေ လေ့လာကြည့်နိုင်ပါတယ်။
ဇာတ်လမ်းအကြောင်း