ဇာတ်ကားများ ရွေးရန်

Robots

2023ဇာတ်ကားအမှတ် 6.3/1093 မိနစ်

ချားလ်စ်မှာ သူနဲ့ပုံစံတူတဲ့ စီတူးဆိုတဲ့ ကိုယ်ပွားစက်ရုပ်တစ်ရုပ် ရှိပါတယ်။ သူ့အစား အလုပ်လုပ်ဖို့၊ အိမ်သန့်ရှင်းရေးနဲ့ ချက်ပြုတ်ရေးအတွက်သာမက မိန်းကလေးတွေနဲ့ အတူအိပ်စက်ခွင့်ရဖို့ပါ စီတူးကို အသုံးချနေတယ်။ ရေခဲပြင်စကိတ်ကွင်းမှာ သဘောကျတဲ့ မိန်းကလေးတွေကို တမင်ဝင်တိုက်ပြီး ချားလ်စ်က ဇာတ်လမ်းစတယ်။ အဲဒီမိန်းကလေးတွေ သူ့ကိုချစ်လာအောင် အပြောချိုချို၊ အကြင်နာတွေနဲ့ ဆက်ဆံပေးရတာကတော့ စီတူးရဲ့အလုပ်ပါ။ အယ်လိန်းကလည်း ငွေကြေးရဖို့ ချမ်းသာတဲ့အမျိုးသားတွေနဲ့ ချိတ်ဆက်တတ်သူပါ။ သူ့မှာ အီးတူးဆိုတဲ့ ကိုယ်ပွားစက်ရုပ်ရှိပြီး အဲဒီအမျိုးသားတွေနဲ့ အိပ်စက်ဖို့ကိုတော့ အီးတူးကို လွှဲထားတယ်။ တစ်နေ့ ရေခဲပြင်စကိတ်ကွင်းမှာ ချားလ်စ်နဲ့ အယ်လိန်းတို့ ဆုံတွေ့ပြီး တွဲဖြစ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့အစား အတူအိပ်ဖြစ်သွားကြတဲ့ စီတူးနဲ့ အီးတူးက အချင်းချင်း ချစ်မိပြီး ထွက်ပြေးသွားကြတယ်။ ကိုယ်ပွားစက်ရုပ်ထုတ်လုပ်တာဟာ တရားမဝင်တဲ့အတွက် ပေါ်သွားရင် ချားလ်စ်နဲ့ အယ်လိန်းတို့ ထောင်နှစ်ရှည်ကျနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ့်အစားခိုင်းဖို့ ထားထားတဲ့ စက်ရုပ်နှစ်ရုပ်ကို သူတို့ကိုယ်တိုင် လိုက်ဖမ်းကြရတော့တယ်။

ဇာတ်လမ်းအကြောင်း