White Men Can't Jump
Kamal Allan ဟာ အထက်တန်းကျောင်းသားဘဝကတည်းက ဘတ်စကတ်ဘောမှာ အောင်မြင်မှုတွေရထားပြီး NBA အထိ ရောက်နိုင်မယ့်သူလို့ ရေပန်းစားခဲ့သူပါ။ အဖေဖြစ်သူရဲ့ စနစ်တကျ ပျိုးထောင်ပေးမှုနဲ့ ဒီအဆင့်အထိ ရောက်လာခဲ့ပေမယ့် သူမျှော်လင့်ထားသလို အရာရာက ဖြစ်မလာခဲ့ဘူး။ အလားအလာကောင်းနေတဲ့ လူငယ်တစ်ယောက်ဘဝကနေ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းရဖို့ ဖြစ်လာပါတယ်။ Jeremy ကတော့ အထက်တန်းကျောင်း ဘတ်စကတ်ဘောလက်ရွေးစင်ဟောင်းတစ်ယောက်ပါ။ ဒူးဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့ဘဲ လူငယ်တွေကို လေ့ကျင့်ပေးတဲ့ နည်းပြအဖြစ် လုပ်ကိုင်နေတယ်။ စိတ်ထဲမှာ တူညီနေတဲ့ အချက်တစ်ခုက သူနဲ့ Kamal ကို ထိပ်တိုက်တွေ့စေခဲ့ပြီး သူတို့ဘဝကို ပြောင်းလဲပေးနိုင်မယ့် ပြိုင်ပွဲတစ်ခုကြောင့် နှစ်ယောက်အတူ တွဲကစားဖို့ အကြောင်းဖန်လာပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲတွေနဲ့အတူ မိသားစုဘဝ၊ ရဲဘော်ရဲဘက်စိတ်နဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာအကြောင်းတွေကိုလည်း ထည့်သွင်းထားပါတယ်။ ၁၉၉၂ ခုနှစ်က Woody Harrelson နဲ့ Wesley Snipes တို့ ပါဝင်ခဲ့တဲ့ နာမည်တူရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတာပါ။ မူလသရုပ်ဆောင်တွေ ပြန်မပါလာဘဲ ဇာတ်လမ်းဇာတ်အိမ်ကိုလည်း ပြောင်းထားပြီး ဒီကားမှာ Kamal အဖြစ် Sinqua Walls က သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း