ဇာတ်ကားများ ရွေးရန်

Yaanai Mugathaan

2023ဇာတ်ကားအမှတ် 7.0/10127 မိနစ်

အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်ဝင်ယုံကြည်လို့ သားကို ဂန်နက်စန်ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ဂန်နက်စန်ကတော့ သုံးဘီးမောင်းစားရင်း အကြွေးပတ်လည်ဝိုင်းနေသူပါ။ ဟိုလူ့ဆီက ယူပြီး ဒီလူ့ကို ပြန်ပေး၊ သူများကို လိမ်လိုက်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်လိုက်နဲ့ နေတတ်တယ်။ တစ်ခုခု အဆင်မပြေတိုင်းလည်း အရှင်ဗင်နာယာဂါဆီ တိုင်တည်ပြီး မြည်တွန်တောက်တီးနေကျပါ။ တစ်ရက်မှာတော့ သူအမြဲကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါကို မမြင်ရတော့ဘူး။ ဘုရားစင်ပေါ်က ရုပ်ထုကိုလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ ပုံတော်တွေမှာပါ မမြင်ရတော့တာပါ။ ထူးဆန်းတာက သူတစ်ယောက်တည်းပဲ အဲဒီလိုဖြစ်နေတာမို့ ပြောပြသမျှကို ဘယ်သူကမှ မယုံကြဘူး။ ဒီအချိန်မှာ ယိုဂီဘာဘူ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က အရှင်ဗင်နာယာဂါဆိုပြီး သူ့ဆီ ရောက်လာပါတယ်။ အရွှတ်အနောက်နေရာတွေမှာ တွေ့ရလေ့ရှိတဲ့ ယိုဂီဘာဘူကို ဒီတစ်ခါ တည်တည်တံ့တံ့ သရုပ်ဆောင်ထားတဲ့ ပုံစံနဲ့ တွေ့ရမှာပါ။ ဂန်နက်စန်ကတော့ ကိုယ့်မျက်စိရှေ့က ပျောက်နေတဲ့ဘုရားကို လိုက်ရှာရင်း ဘာတွေကြုံလာရမလဲ၊ ဒီတွေ့ဆုံမှုကြောင့် သူ့ဘဝ ဘယ်လိုပြောင်းသွားမလဲဆိုတာ ဆက်လာပါတယ်။

ဇာတ်လမ်းအကြောင်း