Pentagram
ဒီကားကတော့ Pentagramလို့ဆိုတဲ့အတိုင်း နတ်ဆိုးကိုပူဇော်တာနဲ့ပတ်သတ်တဲ့ကားလေးပါ။ ဆေးစွဲနေတဲ့မိန်းကလေးဟိုလီရယ်၊ သူ့ကိုအမြဲကူညီစောင့်ရှောက်နေတဲ့သူ့အစ်ကိုလုခ်ရယ်၊ သရဲပုံပြင်တွေပြောပြီး နေရာတကာဆရာကြီးလုပ်တတ်တဲ့မက်စ်နဲ့ ကူညီချင်စိတ်ရှိတဲ့လော်ရန့်တို့ ခပ်ဆိုးဆိုးလူငယ်၄ယောက် ဟိုလီဆေးဖြတ်ဖို့အတွက် အယ်လ်အေကိုထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်ကစားသောက်ဆိုင်တွေကိုဓားပြတိုက်လာရင်းပေါ့။ တစ်နေရာရောက်တော့ အကြောင်းတစ်ခုကြောင့်ကားပျက်ရာကနေ အဖြစ်ဆိုးတွေကြုံရမယ့်အိမ်အိုကြီးတစ်လုံးထဲ ဝင်ရောက်မိပါတော့တယ်။ ပြီးတော့ သူတို့အကုန်ကျိန်စာမိပြီး အိမ်အပေါ်ထပ်ကနတ်ဆိုးနဲ့ပတ်သတ်တဲ့ pentagramထဲပိတ်မိသွားပါတော့တယ်။ အဲ့ကနေလွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းက လူတစ်ယောက်ကိုစတေးရမှာဖြစ်တဲ့အကြောင်းသိသွားတဲ့အချိန်မှာတော့ သူတို့လွတ်မြောက်ဖို့အတွက် ဘာတွေလုပ်ကြမလဲ၊ မိမိသေရေးရှင်ရေးနဲ့ပတ်သက်လာတဲ့အခါ ဘယ်လိုတွေလုပ်မိကြမယ်ဆိုတာ ဒီကားမှာကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : (752 MB) & (284 MB) Quality : WEB-DL 720p Running Time : 1 hr 20 min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin
ဇာတ်လမ်းအကြောင်း