ဇာတ်ကားများ ရွေးရန်

Brij Mohan Amar Rahe! (or) Long Live Brij Mohan

2018ဇာတ်ကားအမှတ် 5.0/10100 မိနစ်

လူတိုင်း လူတိုင်းမှာ လက်ရှိခေါက်ရိုးကျိုးဘဝအနေအထားကနေ ထွက်ပြေးချင်တဲ့အခိုက်အတန့်ဆိုတာရှိမှာပါပဲ။ ပျင်းရိစရာဘဝကြီးကနေ ရုန်းထွက်...အသစ်တစ်ဖန်မွေးဖွားပစ်လိုက်စမ်းမဟဲ့ဆိုပြီးအားခဲနေသူတစ်ဦးကတော့ ဒေလီစျေးက အထည်ဆိုင်ပိုင်ရှင် Brij Mohanပေါ့။ တစ်နေ့မှာတော့ အိမ်ကမိန်းမကြီးနဲ့ အကြွေးတွေကိုထားခဲ့ကာ စကီအသစ်လေးနဲ့ပျော်ပျော်ကြီးဘဝအသစ်ထူမယ်ဆိုပြီး အကြံတစ်ခုကိုအကောင်အထည်ဖော်ပါတော့တယ်။ အဲ့ဒီအကြံကတော့ သူ့ကိုတခြားလူတစ်ယောက်ယောက်သတ်သွားသယောင်ယောင်နဲ့ ခြေရာဖျောက်ဖို့ကြံစည်တာပါပဲ။ အဲ့လိုဘဝဟောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘဝအသစ်မှာရောသူဘာတွေပြောင်းလဲသွားနိုင်မှာလဲ? သူမျှော်လင့်ထားသလိုရောဖြစ်လာပါ့မလား? ကံကြမ္မာဆိုတာပြောင်းလဲလို့ရနိုင်သလား? ဆိုတဲ့မေးခွန်းတွေနဲ့ အဆုံးထိမငြီးမငွေ့ကြည့်ရှုသွားရမယ့် အိန္ဒိယကားလေးကတော့ IMDB Rating 7.7/10 တောင်ရရှိထားတဲ့ ဟောဒီက Long Live Brij Mohan(2017)ဆိုတဲ့ကားလေးပါ။ Ratingတွေကြည့်ရုံနဲ့ ကားကောင်းဟုတ်မဟုတ် ဆိုတာ အကဲဖြတ်လို့ရနိုင်တယ်ဆိုပေမယ့်တကယ်ခံစားဆုံးဖြတ်ကြည့်ဖို့အတွက် Downloadလုပ်ကြည့်ရှုကြပါလို့ပဲ ညွှန်းလိုက်ပါတယ်။ Qty - 720p Web DL Duration - 2hr 10min Subtitle - Myanmar Translator - Moon Sandar Encoder - Kyaw Ye Aung

ဇာတ်လမ်းအကြောင်း