Organ Trail
အက်ဘီဂေးလ်တို့ မိသားစုလေးယောက်ဟာ မုန်တိုင်းဒဏ်ကို ဖြတ်ကျော်လာပြီး Oregon Trail ကို ဆက်ဖြတ်သွားဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီအချိန်မှာ အက်ဘီဂေးလ်ရဲ့အဖေနဲ့ အစ်ကိုတို့ အမဲလိုက်ထွက်ရင်း ဒဏ်ရာရနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ပြီး ကယ်ဆယ်ခဲ့ကြတယ်။ သူတို့က အမျိုးသမီးကို မိသားစုရဲ့ ယာယီစခန်းအထိ ခေါ်လာခဲ့ကြတာပါ။ အဲဒီကယ်ဆယ်မှုကနေ အက်ဘီဂေးလ်တို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျစရာတွေ စလာတော့တယ်။ စခန်းကို ခေါ်လာတဲ့ အမျိုးသမီးနဲ့အတူ ဘယ်လိုဒုက္ခတွေ ပါလာမလဲ၊ မိသားစုကရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။ အကြမ်းဖက်မှုနဲ့ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းဇာတ်ကားဟန်၊ ထိတ်လန့်သည်းဖိုဟန်တို့ ရောပြီး ရိုက်ကူးထားပါတယ်။ ဇာတ်ကားနာမည်ကတော့ ၁၈၀၀ ပြည့်နှစ်တွေက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးခဲ့တဲ့ လှည်းလမ်းကြောင်း Oregon Trail ကို အခြေခံပေးထားတာပါ။
ဇာတ်လမ်းအကြောင်း