ဇာတ်ကားများ ရွေးရန်

Amélie

2001ဇာတ်ကားအမှတ် 7.9/10122 မိနစ်

IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူး ဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ် အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ် ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ် မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ် အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ် အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါ အဲ့ဘူးလည်း တွေ့တော့ Amélieက ဘယ်လိုပဲဖြစ်ဖြစ် ဘူးပိုင်ရှင်ကို ရအောင် ပြန်ပေးမယ်လို့ စီစဉ်လိုက်တယ် အကယ်လို့ ဘူးပိုင်ရှင်က ဘူးပြန်ရလို့ ပျော်သွားရင် လူတိုင်းကို အမြဲ ကူညီတော့မယ်လို့ သူဆုံးဖြတ်လိုက်တယ် ဘူးပိုင်ရှင်လည်း ဘူးပြန်ရတော့ အရမ်းပျော်သွားတယ် အဲ့အချိန်ကစပြီး Amélieလည်း လူတိုင်းကို တတ်နိုင်သလောက် လိုက်ကူညီနေတယ် ကူညီပြီးတိုင်းလည်း ပျော်နေတာပေါ့ ဒါပေမယ့် တစ်ရက်မှာတော့ ဟိုဘက်တိုက်ခန်းက အဖိုးကြီး Dufayelရဲ့စကားကြောင့် သူတွေးမိတယ် သူက သူများကို လိုက်ကူနေပေမယ့် ဘယ်သူကတော့ သူ့ကို ပြန်ကူမှာလဲ Amélieကို ပြန်ကူညီမယ့်လူ ရှာတွေ့နိုင်မလား....... Amélieလို့ ပြောလိုက်တာနဲ့ criticတိုင်းကOne of the best movies of all timeလို့ ပြောကြလိမ့်မယ် ကျွန်တော့်အတွက် တစ်သက်မမေ့နိုင်မယ့်ကားလို့ပဲ ပြောပါရစေ Amelieက 'Taxi Driver'ထဲက Travis Bickleလို 'Her'ထဲက Theodoreလို Lonerဖြစ်ပေမယ့် ဇာတ်ကောင်ကိုက တစ်မူထူးခြားနေတယ် ဇာတ်ကားတစ်ကားလုံးကို Amelieရဲ့ စိတ်ကူး‌အတိုင်း မြင်ရတာကြောင့် Amelieရဲ့ loner characterပိုပေါ်လာတယ် Lonerဇာတ်ကောင်ပီပီ သနားစရာကောင်းတဲ့ အချိန်လေးတွေရှိပေမယ့် သူများကိုအောင်‌အောင်မြင်မြင် ကူညီ‌ပေးနိုင်လိုက်တဲ့ အချိန်တွေမှာဆို လူပါ အလိုလို ပျော်လာတယ် ကြည်နူးလာတယ် ဇာတ်ကား စလယ်ဆုံး ပျင်းစရာတစ်ကွက်မှမရှိဘူး ဇာတ်ကားထဲက colour usageကလည်း ကြည့်နေရင်းနဲ့တင် ဇာတ်ကားနဲ့ ပိုပိုလိုက်လာတယ် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ချီးကျူးရမယ်ဆိုရင် ဒါရိုက်တာဖြစ်တဲ့ Jean-Pierre Jeunetကို မေ့ထားလို့မရပါဘူး Amelieအဖြစ် Audrey Tautouက အပိုအလိုမရှိ သရုပ်ဆောင်နိုင်ထားပါတယ် ဒီဇာတ်ကောင်နေရာမှာ သူကလွဲပြီး တခြားလူ သရုပ်ဆောင်နိုင်မယ် မထင်ပါဘူး ဒီဇာတ်ကားဟာ အော်စကာဆုငါးဆုလည်း ဆန်ကာတင်၀င်ခဲ့ပါ‌သေးတယ် Just try it. It's worth watching. Reviewed and Translated by Daniel Lawwai. Encoded by  : YK Quaity : 1080p Blu-Ray and 720p Blu-Ray File Size :  2.1GB and 1.7GB  Duration : 2h 2mins

ဇာတ်လမ်းအကြောင်း