Serendipity
ခရစ်စမတ်ရာသီ နယူးယောက်မြို့က Bloomingdale ကုန်တိုက်မှာ ဂျိုနာသန်နဲ့ ဆာရာတို့ စတွေ့ကြပါတယ်။ ကတ်ရှ်မဲလက်အိတ်အနက်တစ်စုံကို ဝယ်ဖို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း လှမ်းကိုင်မိကြတာပါ။ ချစ်သူကိုယ်စီရှိနေကြပေမယ့် စကားပြောရင်း အဆင်ပြေသွားကြပြီး Serendipity 3 ဆိုတဲ့ဆိုင်မှာ အတူထိုင်ဖြစ်ကြတယ်။ ဆာရာကလည်း သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ပြောပြဖြစ်ပါတယ်။ ဆိုင်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်ယူဖို့ လာကြတဲ့အခါ နှစ်ယောက်သား ထပ်ဆုံကြပြန်တယ်။ ဒီလိုပြန်တွေ့ရတာကို ရေစက်လို့ ယူဆပြီး ဖုန်းနံပါတ်တွေ ဖလှယ်ကြပေမယ့် ဆာရာ့လက်ထဲက နံပါတ်ရေးထားတဲ့စာရွက် လေထဲလွင့်သွားတော့ ဆာရာက နမိတ်မကောင်းဘူးလို့ ယူဆလိုက်ပါတယ်။ ဒါကြောင့် တခြားနည်းနဲ့ အဆက်အသွယ်ချန်ခဲ့ဖို့ ဆုံးဖြတ်ကြတယ်။ တစ်ယောက်က ငါးဒေါ်လာတန်ပေါ်မှာ ဖုန်းနံပါတ်ရေးပြီး နောက်တစ်ယောက်က နောက်နေ့ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးမှာ ရေးထားလိုက်ကြပါတယ်။ တကယ်ဖူးစာပါရင် အဲဒီပိုက်ဆံ ဒါမှမဟုတ် စာအုပ်ကို တစ်ယောက်ယောက် ပြန်တွေ့ပြီး အဆက်အသွယ်ရလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
ဇာတ်လမ်းအကြောင်း