ဇာတ်ကားများ ရွေးရန်

Finnick

2022ဇာတ်ကားအမှတ် 6.5/1085 မိနစ်

ဖင်းလို့ခေါ်တဲ့ ကိုယ်ပျောက်ဝိဉာဉ်လေးတွေဟာ အိမ်တိုင်းမှာ ရှိနေပြီး လူတွေကို ကူညီပေးကြပါတယ်။ သူတို့နေတဲ့အိမ် သာယာပျော်ရွှင်နေအောင် စောင့်ရှောက်ဖို့က သူတို့တာဝန်ပါ။ ဖင်းတွေက အဲဒီတာဝန်ကို ဆန့်ကျင်ဖို့ စိတ်ကူးတောင် မရှိကြပေမယ့် ဖင်းနစ်ကတော့ ခြွင်းချက်ဖြစ်နေတယ်။ သူ့အိမ်မှာ လူတွေ ဆက်မနေနိုင်အောင် တစ်ခုပြီးတစ်ခု လုပ်နေတော့ ဘက်ခ်မြို့ကလူတွေက အဲဒီအိမ်ကို သရဲအိမ်လို့ ခေါ်ကြပါတယ်။ တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ မိသားစုတစ်စု ဘက်ခ်မြို့ကို ရောက်လာတယ်။ သူတို့ရဲ့သမီး ခရစ်စတင်းက စုံထောက်ပညာကို စိတ်ဝင်စားပြီး ဉာဏ်လည်းထက်တဲ့ ကလေးမလေးပါ။ ဒါရိုက်တာက သူတို့မိသားစု ခဏနေဖို့ ဖင်းနစ်ရဲ့အိမ်ကို ငှားပေးလိုက်ပါတယ်။ ဒီလိုနဲ့ လူတွေလာနေတာကို မကြိုက်တဲ့ ဖင်းနစ်နဲ့ ကိစ္စတစ်ခုကို လက်တွေ့ကျကျ ဖြေရှင်းရမှ ကျေနပ်တဲ့ ခရစ်စတင်းတို့ တစ်အိမ်တည်းမှာ ထိပ်တိုက်တွေ့ကြတော့တယ်။

ဇာတ်လမ်းအကြောင်း