6/45 (Aka) 645
လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့လက်ထဲကို ထီလက်မှတ်တစ်စောင် ရောက်လာပါတယ်။ အဲဒီလက်မှတ်က ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ရမယ့် ပထမဆုကြီး ပေါက်သွားတော့ ဘတ်ချွန်းဝူအတွက် ကံကောင်းခြင်းကြီးတစ်ခု ရလာသလိုပါပဲ။ ဒါပေမဲ့ တောင်မြောက်နယ်နိမိတ်မှာ ကင်းစောင့်နေတုန်း လက်ထဲက ထီလက်မှတ် လွတ်ထွက်သွားပြီး လေနဲ့အတူ မြောက်ကိုရီးယားဘက်ကို ရောက်သွားပါတော့တယ်။ ဆုကြေးအများကြီးရမယ့် လက်မှတ်က တစ်ဖက်နိုင်ငံထဲ ရောက်သွားတဲ့အခါ အဆင်မပြေကြတဲ့ စစ်တပ်နှစ်ခုကြား ပြဿနာအသစ် ဖြစ်လာမလား။ ဒါမှမဟုတ် ထီလက်မှတ်အကြောင်း သိထားတဲ့ နှစ်ဖက်စစ်သားတွေ အချင်းချင်း ပူးပေါင်းကြမလား။ တောင်ဘက်နဲ့ မြောက်ဘက်ကြား ရောက်သွားတဲ့ ထီလက်မှတ်က နောက်ဆုံး ဘယ်သူ့လက်ထဲမှာ ရှိနေမလဲဆိုတာကို ဟာသနဲ့ တင်ပြထားပါတယ်။ Go Kyung Pyo၊ Lee Yi Kyung၊ Kwak Dong Yeon နဲ့ Kim Min Ho တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံကြားက ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း