ဇာတ်ကားများ ရွေးရန်

Julia's Eyes

2010ဇာတ်ကားအမှတ် 6.7/10118 မိနစ်

မျက်စိကန်းနေတဲ့သူတစ်ယောက်က သူသေဖို့လမ်းစကိုသူကိုယ်တိုင်ရှာဖွေလို့ရတယ်ဆိုရင်ယုံရခက်ရမလားပါပဲ... အဲဒီလိုစဉ်းစားရအောင်လည်းဒီကားမှာ မျက်စိကွယ်နေတဲ့''ဆာရာ''ဆိုတဲ့အမျိုးသမီးကသူ့ကိုယ်သူသတ်သေတဲ့ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအစပျိုးထားပါတယ်.... တစ်ကယ်ရောသူကိုယ့်ကိုသတ်သေတာဟုတ်ရဲ့လား....စိတ်ဝင်စားစရာတစ်ခုကတော့ သူသေတဲ့အချိန်မှာ သူ့အိမ်တွင်းပတ်ဝန်းကျင်မှာ အမှောင်ရိပ်ကိုအသားယူပြီးပုန်းခိုနေတဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်... ဒါဆို..ဒါဟာလူသတ်မှု့လား ကိုယ့်ကိုကိုယ်သတ်သေတာပဲလား...အဲဒီလိုမရိုးစင်းတဲ့မေးခွန်းတွေနဲ့အတူစဉ်းစားရကြပ်နေသူကတော့''ဆာရာ့''ရဲ့အမွှာညီမ ဂျူလီယာပါပဲ.....ဂျူလီယာတစ်ယောက် သူ့အမရဲ့အမှုကိုရှာပုံတော်ဖွင့်ရပါတော့မယ်...ဒီမှာတစ်ခုပြောချင်တာက ဂျူလီယာဟာသူ့အမရဲ့ရောဂါမျိုးရှိနေပါတယ်... မျက်စိအာရုံကြောနဲ့ပက်သတ်ပြီးတော့ပါ...ဒီတော့သူတစ်ခုသိလိုက်ရတာက မကြာခင်မျက်စိကွယ်တော့ဆိုတာပါပဲ...ဒီတော့ဂျူလီယာတစ်ယောက် ''ဒုက္ခဝေဆာတဲ့ပင်လယ်ကြီးကိုဖြတ်ကျော်နိုင်ပါ့မလား''...မျက်စိကန်းနေလျက်နဲ့ သူရည်ရွယ်ထားတဲ့သူအမရဲ့ကိစ္စကိုဆောင်ရွက်နိုင်ဦးမှာလား... ''ဟုတ်ပါတယ်..မေးခွန်းများစွာနဲ့စိတ်ဝင်စားဖို့ကောင်းနေပါတယ်'' ဒီကားရဲ့အဓိကအကြောင်းအရာကတော့ ''အနီးဆုံးရန်သူကိုမကြွေတာကောင်းပါတယ်'' အဲဒီအချက်လေးကတော့ ဇာတ်လမ်းပေါ်အတော်ကြီးသက်ရောက်မှုရှိထားတာမို့ ဒီလောက်နဲ့အညွန်းကိုတစ်ခန်းရပ်ခွင့်ပြုပါ..ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ John La Yaung ပဲဖြစ်ပါတယ်... File size…(1.0GB,476.8MB) Quality…Blu-Ray Rip 1080p Format…mp4 Duration….01:57:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Moe Myint Lwin

ဇာတ်လမ်းအကြောင်း