ဇာတ်ကားများ ရွေးရန်

Free Solo

2018ဇာတ်ကားအမှတ် 7.9/10100 မိနစ်

မဖြစ်နိုင်တဲ့အရာတွေ လုပ်ပြတဲ့အခါ ကျနော်တို့ အရမ်းသဘောကျ ကြပါတယ်။ ဘယ်လိုလုပ်သွားတယ် ဆိုတာကိုလဲ သိချင်ကြပါတယ်။ ၂၀၁၇ ခုနှစ် ဂျွန်လ ၃ ရက်နေ့က မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားပါတယ်။ ပေ ၇၅၀၀ ကျော်မြင့်တဲ့ အယ်လ်ကပ္ပိတန် လို့ခေါ်တဲ့ တောင်စောင်းကို လူတစ်ယောက် တက်သွားပါတယ်။ "နေပါဦး အယ်လ်ကပ် ကို လူတွေတက်နေတာ ၁၉၅၇ ခုနှစ် ကတည်းကပဲ။ ဘာများထူးဆန်းလို့လဲ" လို့မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးက ကြိုးတွေနဲ့ တက်ကြတာပါ။ အခု တစ်ယောက်ကတော့ ကြိုးမပါဘဲ တက်ခဲ့ပါတယ်။ Free Solo လို့ခေါ်တဲ့ ကြိုးမပါဘဲ တောင်တက်တဲ့ အားကစားတစ်ခု ရှိပါတယ်။ အဲ့ဒါက ဘယ်လောက်တောင်မှ ခက်ခဲပြီး အန္တရာယ်များ သလဲဆိုရင် မအောင်မြင်ရင် သေဖို့တစ်လမ်းပဲ ရှိပါတယ်။ ကြိုးမပါတဲ့ အတွက် ဒုတိယအကြိမ် ပြန်ကြိုးစားခွင့် ဆိုတာ မရှိပါဘူး။ ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် အဲလက်စ်ဟွန်နိုးရဲ့ အယ်လ်ကပ်ကို ကြိုးလွတ်တက်ဖို့ ကြိုးစားတဲ့ အကြောင်းကို ကြည့်ရမှာပါ။ လူသားတစ်ယောက်အနေနဲ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ ကြိုးစားရင်း ဘာတွေပေးဆပ် လိုက်ရသလဲ ဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ အဖြေရှာနိုင်ပါတယ် ဒီ မှတ်တမ်းရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်

ဇာတ်လမ်းအကြောင်း