ဘောလုံးလောကမှာ ဩဇာအကြီးမားဆုံးနဲ့ အငြင်းပွားဖွယ်ရာ အကောင်းဆုံးနည်းပြဆိုရင် သေချာပေါက် ဒီ Special One ဆိုတဲ့ Jose Mourinho ကို လက်ညိုးထိုးပြရမှာပါ။ ကြိုက်တဲ့လူ ၅၀ လောက်ရှိတယ်ဆို မုန်းတဲ့လူလည်း ၅၀ လောက်ရှိမယ့် လူမျိုးလို့ ပြောရမယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးအားကစားဆိုရင် မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်ပြီး မီးကုန်ယမ်းကုန် လှလှပပနဲ့ ကြိုးစားကန်တာမျိုးကို ကြိုက်တဲ့လူပါပဲ။ သူ့ ဘတ်စ်ကားကွက်ဆိုရင် ကြည့်ရတာ ပျင်းစရာကောင်းပြီး ရသနည်းတယ်ဆိုပေမဲ့လည်း လိုချင်တဲ့ ရလဒ်တော့ ဖော်ဆောင်ပေးနိုင်နေတာမဟုတ်ဘူးလား။ ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့စကားလိုပဲ ကစားဟန်ရသ မရှိပေမဲ့လည်း လူတွေတောင့်တတဲ့ ဖလားတွေကို တကယ်ကို ရယူနိုင်စွမ်းရှိတဲ့ နည်းပြတစ်ယောက်ပါ။ နောက်ပြီး ဒီလူကြီးက စကားအရာမှာ နှုတ်သီးကောင်းလျှာပါးလို့ပြောရမယ့်လူဗျ အင်မတန်စွာပြီး ကပ်သီးကပ်သတ်နဲ့ အရွဲ့တိုက်ချင်တဲ့လူကြီး။ တော်ရုံတန်ရုံလူတွေနဲ့လည်း ဘယ်တော့မှ တည့်တယ်လို့ မရှိဘူး။ အခု ဒီ Documentary လေးထဲမှာတော့ သူ့ရဲ့ ဘဝအစ ပေါ်တိုအသင်းကနေ ချယ်ဆီးမှာ ဟုန်းဟုန်းတောက် Special One ဆိုပြီး နာမည်တွေကြီးပြီး နောက်ပိုင်း အီတလီ စပိန် လိဂ်ပေါင်းစုံပတ်ပြီး ကျင်လည်ဖြတ်သန်းခဲ့ရတာတွေ နောက်ကွယ်မှာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး ကန်ခဲ့တာ (ဉပမာပြောရရင် တစ်ဖက်အသင်းရဲ့ လေ့ကျင့်ခန်း ဗီဒီယိုကိုတောင် ဘယ်ကရှာလို့ရှာမှန်းမသိ ရအောင်ယူထားတဲ့လူကြီးဗျာ စဉ်းစားသာကြည့်) အသင်းသားတွေကို ဘယ်လိုထိန်းကျောင်းခဲ့တာ၊ လူတွေအမြင်မှာ မော်ရင်ဟိုက သွေးအေးတယ်ဆိုပေမဲ့လည်း တစ်ခါတလေ ဘယ်လိုမျိုး နူးညံ့တတ်တာ၊ သူ့တပည့်ဟောင်းတွေဖြစ်တဲ့ Joh Terry တို့ Lampard တို့ Droghba တို့ တခြားနာမည်ကြီးတွေကလည်း အင်တာဗျူးတွေ ဖြေဆိုထားတာတွေ ပြန်ပြောပြတာတွေ မီဒီယာတွေ ဘယ်လောက်ဆိုးရွားတာကိုသိလို့ ဘယ်လိုတန်ပြန်အသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာတွေ အများကြီး လူတွေမသိတာတွေကို ကောင်းကောင်းကြီး သိစေရမယ့် မှတ်တမ်းစီးရီးကောင်း ဖြစ်တာမို့ လာရောက်အားပေးဖို့ ဖိတ်မန္တကပြုလိုက်ပါရစေဗျာ...။
ဇာတ်ကားကြည့်ရန်