True and False Jigong
ဘုန်းတော်ကြီး ကျိကုန်းဟာ မိစ္ဆာတွေကို နှိမ်နင်း၊ အားနည်းသူတွေကို ကူညီပေးလို့ ပြည်သူတွေ ချစ်ခင်ကြတဲ့သူပါ။ တောင်ပေါ်မှာ သီတင်းသုံးရင်း မသေမျိုးကျင့်စဉ်ရဖို့ ကျင့်ကြံနေပါတယ်။ ဟွမ်ယွမ်ကတော့ ရုပ်ရည်ကြောင့် လူတွေက မိစ္ဆာတစ်ကောင်လို သတ်မှတ်ပြီး ဝိုင်းပယ်ထားကြတဲ့သူပါ။ အထီးကျန်နေရတဲ့ သူကလည်း လူတွေရဲ့ချစ်ခင်မှုကို ရဖို့ ကြိုးစားနေတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကို နှိမ်နင်းရင်း အစ်ကိုဖြစ်သူကို သတ်မိခဲ့ပါတယ်။ ညီမကိုတော့ အမှားပြင်ဖို့ အခွင့်အရေးပေးပြီး လွှတ်လိုက်တယ်။ ဒါပေမဲ့ သူက ပြောင်းလဲဖို့ ကြိုးစားမယ့်အစား အစ်ကို့အတွက် လက်စားချေဖို့ပဲ ကြံစည်နေခဲ့ပါတယ်။ အနှစ် ၂၀ ကြာပြီးနောက် ပိုင်ရွှိန်မြို့တော်မှာ ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာလို့ ကျိကုန်းက သွားရောက်ဖြေရှင်းဖို့ ထွက်လာတယ်။ မြို့ကိုရောက်တော့ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်ထပ်ကျိကုန်းတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီလူကို ဘယ်လိုရင်ဆိုင်မလဲ၊ အငြိုးအတေးတွေကြား ပိတ်မိနေတဲ့ ပြည်သူတွေကို ဘယ်လိုကယ်တင်မလဲဆိုတဲ့ အခက်အခဲတွေက ကျိကုန်းကို စောင့်နေပါတယ်။
ဇာတ်လမ်းအကြောင်း