Perfect Strangers
လကြတ်တဲ့ညတစ်ညမှာ အန်ဒရီကိုနဲ့ အီဗာတို့က အိမ်အသစ်အတွက် အိမ်တက်ပွဲအဖြစ် မိတ်ဆွေတွေကို ညစာဖိတ်ကျွေးပါတယ်။ အိမ်ရှင်လင်မယားအပြင် ညားခါစ အန်ဂျာ့စ်နဲ့ ကီရှာ၊ ကလေးနှစ်ယောက်ရှိတဲ့ ဝစ်နူနဲ့ အီမဲလ်ဒါ၊ ချစ်သူရထားတာ မကြာသေးတဲ့ တိုမိုတို့ ရောက်လာကြတော့ စုစုပေါင်း ခုနစ်ယောက်ပါ။ နှစ်ရှည်လများ ပေါင်းလာကြတဲ့ အကြောင်းသိမိတ်ဆွေတွေမို့ စားရင်းသောက်ရင်း ပျော်ပျော်ပါးပါး စကားပြောနေကြတယ်။ အဲဒီအချိန်မှာ အီဗာက ဂိမ်းတစ်ခု ကစားဖို့ အဆိုပြုလိုက်ပါတယ်။ ဖုန်းတွေအားလုံးကို စားပွဲပေါ်တင်ပြီး ဝင်လာသမျှ မက်ဆေ့ဂျ်၊ ဖုန်းခေါ်ဆိုမှုနဲ့ အီးမေးလ်တွေကို အားလုံးသိအောင် ဖွင့်ပြကြရမယ်တဲ့။ မကစားချင်ပေမယ့် ငြင်းလိုက်ရင် အထင်လွဲခံရမှာစိုးလို့ ဝင်ကစားကြရင်း တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပါတော့တယ်။ အချင်းချင်း သိထားတယ်လို့ ထင်ခဲ့ကြသူတွေကြား ဖုံးကွယ်ထားတဲ့ ခံစားချက်တွေနဲ့ ပြဿနာတွေ တစ်စပြီးတစ်စ ရှုပ်ထွေးလာတယ်။ ၂၀၁၆ ခုနှစ်က အီတလီရုပ်ရှင်ကို ၂၀၂၂ ခုနှစ်မှာ အင်ဒိုနီးရှားက ပြန်လည်ရိုက်ကူးထားတာပါ။ မူရင်းကို စပိန်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ပြင်သစ်၊ တရုတ်၊ ရုရှားအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှာ ပြန်ရိုက်ခဲ့ကြပါတယ်။ ဒီဗားရှင်းမှာတော့ အီတလီဒဏ္ဍာရီနဲ့ အင်ဒိုနီးရှားရိုးရာတွေကို ချိတ်ဆက်ထားပြီး ညစာစားပွဲတစ်ခုကနေ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ထွက်လာပုံကို ဟာသ၊ ဒရာမာနဲ့ တင်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း