Judwaa
Judwaa မြန်မာလိုတော့အမြွှာပေါ့ အခု Varun Dhawan(Diwale ကားထဲက Sharukh Khan ရဲ့ညီ) ဒီမင်းသားရိုက်ထားတာတော့ Judwaa 2 ပေါ့ အခု Judwaa 1 ကိုတော့ Salman Khan က မင်းသမီး ၂လက်နဲ့ သရုပ်ဆောင်ထားပါတယ် မင်းသားကြီး Salman Khan ဆို အပျိုအအိုကအစကြိုက်ကြတယ်ဆိုတာ ကျနော်ရဲရဲကြီးအာမခံရဲတယ် Salman Khan ၂ ကိုယ်ခွဲပါ ဒီကားထဲမှာဆိုရင်ဖြင့် Salman Khan ငယ်ငယ်တုန်းက အကတော်တာကိုမြင်တွေ့ရမှာပါ..သီချင်းတွေအများကြီးပါ..ခံစားပါ ခုက Body ကြီးသွားတော့ ကတာအရင်လောက်မလှတော့ပါဘူး ဇာတ်လမ်းက ပျော်ပျော်ရွှင်ရွှင်လေးပါပဲ မိသားစုနဲ့ကြည့်လို့ကောင်းတဲ့ အမျိုးအစားပါ... ဇာတ်လမ်းအကျဉ်းကတော့ ရဲအုပ်မယ်လ်ဟိုတျားတစ်ယောက် လူဆိုးကြီးရာတန်ကို ဖမ်းမိပြီးတော့ထောင်ဒဏ်သေဒဏ်ပေးလိုက်တာ လူဆိုးရုတ်တရက်တိုက်ခိုက်လို့ ရဲကခြေထောက်ကိုသေနတ်နဲ့ပစ်ရာမှ ဆေးရုံရောက်သွားတယ် တစ်ချိန်တည်းမှာပဲ ထိုရဲရဲ့မိန်းမကလည်း သားဖွားခါနီး ထိုဆေးရုံးကိုတင်ရပါတယ် လူဆိုးကလည်း ဆေးကုပြီးအပြီး ရဲတွေကိုပြန်ခုခံလေရောထိုအချိန်မှာ ရဲအုပ် မယ်လဟိုတျားမိန်းမ အမြွှာလေးမွေးပြီးတော့လူနာခန်းထဲရောက်နေချိန်ပေါ့ အဲ့မှာလင်မယား၂ယောက်ကြည်နူးနေချိန် ရာတန်ဝင်လာပြီးတော့ တိုက်ခိုက်တော့တာပေါ့ ကလေးတစ်ယောက်ကိုရဲကချီထားပြီး နောက်တစ်ယောက်ကိုတော့ လူဆိုးက မိခင်လက်ထဲကလုကာ ဓားစာအဖြစ်ခေါ်သွားပါတယ် ပြီးတော့လူဆိုးကိုလိုက်ဖမ်းတဲ့အခါ လူဆိုးကကလေးကိုရထားပြေးလမ်းအပေါ်ပစ်သွားတယ် ရဲတွေကမတွေ့လိုက်ဘူးပေါ့ ရာတန်ကိုဖမ်းမရတော့ ပစ်ခတ်လိုက်ရာမှာ အဆောက်အဦးမီးလောင်သွားပါတယ် ရဲကလည်း သူ့ကလေးပါသွားပြီအထင်နဲ့ ပူဆွေးတာပေါ့ ကလေးမိခင်ကတော့ သားဇွဲနဲ့ ရှင်လျက်သေသွားတယ် ရထားလမ်းပေါ်ရောက်နေတဲ့ကလေးက သေမလား ရှင်မလား? မိခင်ကရော ကျန်းမာရေးအခြေအနေပုံမှန်ပြန်ဖြစ်သွားမှာလား အမြွှာညီအစ်ကို၂ယောက်ပြန်ဆုံမှာလားဆိုတာကိုတော့ ရှပ်ရှင်ထဲမှာပဲ ဟာသလေးတွေရော အကလေးတွေရောကို စီးမျောပြီး ကိုချစ်ရတဲ့သူတွေနဲ့ခံစားလိုက်ပါဗျာ... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ခန့်ရွှေသိုက်ပါ) File Size : (950 MB) and (360 MB) Quality : WEB-DL 720p Running Time : 2hr 18min Format : Mp4 Genre :Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khant Shwe Thaik Encoded by Thanhtike Zaw
ဇာတ်လမ်းအကြောင်း