ဇာတ်ကားများ ရွေးရန်

Viking Wolf

2022ဇာတ်ကားအမှတ် 5.8/1097 မိနစ်

လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဗိုက်ကင်းအကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ နော်မန်ဒီကို ဓားပြတိုက်ဖို့ ထွက်လာခဲ့တယ်။ ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခု တွေ့တဲ့အခါ ဘုန်းတော်ကြီးတွေက အထဲမဝင်ဖို့ တောင်းပန်ကြပေမယ့် ဗိုက်ကင်းတွေက နားမထောင်ခဲ့ကြဘူး။ အဲဒီကနေ ငရဲခွေးကြီးတစ်ကောင် လွတ်မြောက်လာပြီး အပြန်ခရီးမှာပါ သူတို့နဲ့ လိုက်လာခဲ့ပါတယ်။ သင်္ဘော နော်ဝေကို မဆိုက်ခင် ဗိုက်ကင်းအားလုံး သေဆုံးသွားကြပြီး အဲဒီသတ္တဝါတစ်ကောင်ပဲ ကုန်းပေါ်ရောက်ကာ နော်ဒစ်ဆိုတဲ့ တောနက်ထဲ ဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုမြို့ကို မကြာသေးခင်ကမှ ပြောင်းလာကြသူတွေပါ။ အဖေဆုံးပြီးနောက် ပထွေးနဲ့ နေနေရတဲ့ သာလာက မြို့သစ်မှာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ မိတ်ဆွေဖွဲ့မိတယ်။ တစ်နေ့မှာ လူငယ်တွေက ပင်လယ်အော်တစ်နေရာမှာ စခန်းချပြီး သောက်စားပျော်ပါးနေကြပါတယ်။ ဒါပေမယ့် ပင်လယ်အော်နားက တောထဲမှာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားပြီး အယ်လင်ဆိုတဲ့ မိန်းကလေး သေဆုံးသွားတယ်။ အဲဒီနောက် ရဲတွေတောင် အဖြေရှာမရတဲ့ ပဟေဠိဆန်ဆန် အဖြစ်အပျက်တွေ ဆက်တိုက်ပေါ်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း