ဇာတ်ကားများ ရွေးရန်

Bull Shark

2022ဇာတ်ကားအမှတ် 5.7/1080 မိနစ်

တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့ဟာ လူသတ်မှုတောင် မဖြစ်တာ ကြာပြီဖြစ်တဲ့အထိ အေးချမ်းနေတဲ့ နေရာပါ။ ဒါပေမဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြို့ရဲ့ရေကန်မှာ မိန်းမငယ်တစ်ယောက် ငါးမန်းကိုက်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရပါတယ်။ မြို့တော်ဝန်ကတော့ သတင်းပေါက်ကြားသွားရင် ခရီးသွားတွေ ဆုံးရှုံးမယ့်အပြင် သူမျှော်မှန်းထားတဲ့ ပိုကြီးတဲ့ရာထူးအတွက်ပါ ထိခိုက်မှာမို့ သတင်းကို ဖုံးထားချင်နေတယ်။ သတင်းကို ဖုံးထားရင်လည်း ရေကန်ကိုလာတဲ့ လူတွေအတွက် အန္တရာယ်ရှိနေမှာပါ။ ဒီပြဿနာကို ရင်ဆိုင်ရသူက မိသားစုအဆင်မပြေမှုတွေကြောင့် အရက်စွဲနေတဲ့ တောခေါင်းတစ်ယောက် ဖြစ်ပါတယ်။ အာဏာပိုင်တွေကတစ်ဖက်၊ လူတွေရဲ့ အသက်အန္တရာယ်ကတစ်ဖက်နဲ့ ကိုယ့်မိသားစုအရေးပါ ရှိနေတဲ့ကြားက ငါးမန်းပြဿနာကို သူ ဘယ်လိုဖြေရှင်းမလဲ။

ဇာတ်လမ်းအကြောင်း