Drishyam 2 (Hindi Version)
Drishyam မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပြီး ခုနစ်နှစ်အကြာမှာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်တစ်ယောက် ဖြစ်နေပါပြီ။ သူတို့ကြုံခဲ့ရတဲ့ဖြစ်ရပ်ကို ရုပ်ရှင်ပြန်ရိုက်ဖို့ အိမ်ဝန်းတစ်စိတ်တစ်ပိုင်းကိုတောင် ရောင်းပြီး ရင်းနှီးမြှုပ်နှံထားတယ်။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အထိ ရုပ်ရှင်က အကောင်အထည်မပေါ်သေးပါဘူး။ သူ့ဇာတ်လမ်းကို လူအများက သဘောကျပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြဘူး။ တစ်ဖက်မှာလည်း သားဖြစ်သူအတွက် ခုနစ်နှစ်ကြာတဲ့အထိ အခဲမကျေနိုင်သေးတဲ့ မီရာဟာ အိန္ဒိယကို ပြန်ရောက်လာပါတယ်။ သားရဲ့ဝိညာဉ် အေးချမ်းစေချင်လို့ အလောင်းရှိတဲ့နေရာကို မေးပေမယ့် ဗီဂျေးက မပြောပြခဲ့ဘူး။ ရဲအရာရှိတစ်ယောက်အဖြစ် ထက်မြက်ခဲ့တဲ့ မီရာက သားအတွက် တရားမျှတမှုကို ဘယ်လိုပြန်ရှာမလဲ။ ဒီတစ်ခေါက် ဗီဂျေးရင်ဆိုင်ရမယ့်သူက စစ်တုရင်ကိုတောင် စိတ်ထဲမှာ ကစားပြီး အနိုင်ယူနိုင်လောက်အောင် ဉာဏ်ကောင်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ။ ဗီဂျေးက ဒီအခြေအနေကို ဘယ်လိုဉာဏ်သုံးပြီး ကျော်လွှားမလဲ၊ သူကြုံရမယ့်ဖြစ်ရပ်တွေကရော လူအများကျေနပ်နိုင်မယ့် ဇာတ်သိမ်းတစ်ခုဆီ ရောက်သွားနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ ဒီဟင်ဒီဇာတ်ကားဟာ Drishyam (2015) ရဲ့အဆက် ဖြစ်ပါတယ်။ မူရင်းကတော့ မင်းသား မိုဟာလာ ပါဝင်ထားတဲ့ မလယာလမ်စကားပြော Drishyam (2013) ဖြစ်ပြီး အဲဒီဇာတ်လမ်းကို အဂျေးနဲ့ ဟင်ဒီဘာသာ ပြန်လည်ရိုက်ကူးခဲ့တာပါ။ မူရင်းဘက်က ၂၀၂၁ ခုနှစ်မှာ ဒုတိယကား ထွက်ရှိခဲ့ပြီး ဟင်ဒီဘက်ကလည်း Drishyam 2 (2022) အဖြစ် ပြန်ရိုက်ထားတာကြောင့် မလယာလမ်နဲ့ ဟင်ဒီ နှစ်မျိုးစလုံးမှာ နှစ်ကားစီ ရှိပါတယ်။
ဇာတ်လမ်းအကြောင်း