ဇာတ်ကားများ ရွေးရန်

Oh! My Assistant

2023ဇာတ်ကားအမှတ် 2.0/10115 မိနစ်

ရှင်းဆွန်းဟိုဟာ လူကြီးဖတ်ကာတွန်းတွေ ရေးဆွဲရင်း နာမည်ရလာတဲ့ ကာတွန်းဆရာတစ်ယောက်ပါ။ အလုပ်တွေ ပုံလာတော့ လက်ထောက်တစ်ယောက် ငှားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့ အပြင်ပန်းမှာ အေးတိအေးစက်နိုင်ပေမယ့် ကြင်နာတတ်တဲ့ ဂိုမူယောင်းက သူ့ဆီ ရောက်လာပါတယ်။ မူယောင်းက ဆွန်းဟိုရဲ့ အမာခံပရိသတ်ဖြစ်လို့ လက်ထောက်လုပ်ဖို့ ရွေးခဲ့သူပါ။ ယောက်ျားမိန်းမ နှစ်မျိုးစလုံးကို ချစ်ခင်စိတ်ဝင်စားနိုင်တဲ့ မူယောင်းဟာ ဆွန်းဟိုကိုလည်း တိတ်တိတ်လေး သဘောကျနေတယ်။ နှစ်ယောက်သား အရက်သောက်ရင်း အတူရှိခဲ့ကြတဲ့ညကစလို့ သူတို့ကြားက တွယ်ငြိမှုတွေ ပိုတိုးလာပါတယ်။ တစ်ဖက်မှာလည်း မူယောင်းနဲ့ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်း ဂျွန်ဆော့က မူယောင်းကို စသဘောကျလာတယ်။ ဆွန်းဟို၊ မူယောင်းနဲ့ ဂျွန်ဆော့တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပေါ့ပေါ့ပါးပါး ဟာသနှောပြီး ပြောပြထားတဲ့ ကိုရီးယား BL ရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း