ဇာတ်ကားများ ရွေးရန်

No One Lives

2012ဇာတ်ကားအမှတ် 6.0/1086 မိနစ်

No One Lives (2012) IMDb Rating (6.0) / Rotten Tomatoes (43%) ခရီးသွားစုံတွဲတစ်တွဲဟာ တိုင်းပြည်အနှံ့ခရီးထွက်လာတုန်း လမ်းဘေးစားသောက်ဆိုင်မှာဒေသခံဓားပြဂိုဏ်းတစ်ဂိုဏ်းနဲ့ထိပ်တိုက်တိုးမိခဲ့ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဓားပြဂိုဏ်းဝင်တွေထဲက အရက်စက်ဆုံးတစ်ယောက်ဖြစ်တဲ့ ဖလင်းန်က သူတို့ရဲ့ငွေကြေးနဲ့ကဒ်တွေကို လုယက်ဖို့ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်အဲ့ဒီစုံတွဲရဲ့ကားနောက်ဖုံးထဲမှာလတ်တလော ဟိုးလေးတကျော်ကျော်ပြန်ပေးမှုတစ်ခုရဲ့ ပြန်ပေးဆွဲခံသားကောင်တစ်ယောက်ဖြစ်တဲ့ သူဌေးမလေးတစ်ယောက်ဖြစ်တဲ့ အမ်မာဝပ်ဆိုတာ တွေ့လိုက်ကြရပါတယ်။ သူတို့အတွက် ရတနာပုံဆိုက်သွားသလိုမျိုးဆိုတာ သိလိုက်ကြရပေမယ့် သူတို့မသိတာကတော့ သူတို့ပြန်ပေးဆွဲထားတဲ့ စုံတွဲထဲက ယာဉ်မောင်းသူအမျိုးသားဟာ သူတို့ထက် ဆယ်ဆပိုပြီး သွေးအေးရက်စက်တဲ့ စိတ္တဇလူသတ်ကောင်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ အဲ့ဒီမှာပဲ တောက်လျှောက်မုဆိုးဖြစ်ခဲ့တဲ့ သူတို့တစ်ဖွဲ့လုံးဟာ အမဲလိုက်ခံရသူ သားကောင်တွေအဖြစ်ပြောင်းသွားပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အမဲလိုက်သတ်ဖြတ်ခံရပါတော့တယ်။ Slasher Fan တွေအတွက် ကျွမ်းကျင်လူသတ်သမားက ဒုစရိုက်သမားတွေကိုပြန်ပြီးအမဲလိုက်တယ်ဆိုတဲ့ (အဲ့ဒီခေတ်အခါက) Concept အသစ်ကြောင့် လူကြိုက်များရေပန်းစားခဲ့ပြီး သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေကလည်းကြမ်းတမ်းပီပြင်လွန်းတာကြောင့် မကြည့်မဖြစ် ချန်မထားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size… (1.6 GB) / (740 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:27:20 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း