ဇာတ်ကားများ ရွေးရန်

Werewolf Cabal

2022ဇာတ်ကားအမှတ် 4.5/10109 မိနစ်

ထိတ်လန့်စရာဝတ္ထုတွေ ရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်း ကွယ်လွန်ပြီးနောက် သူ့အတွက် ချန်ခဲ့တဲ့အမွေကို လက်ခံဖို့ ယူကေကျေးလက်ဘက်က ရွာလေးတစ်ရွာကို ရောက်လာပါတယ်။ ငယ်ငယ်ကတည်းက မွေးစားဖို့ ပေးခံခဲ့ရသူဖြစ်လို့ မိခင်ရင်းအကြောင်းရော၊ သူမနေခဲ့တဲ့ ရွာအကြောင်းပါ ဘာမှမသိထားပါဘူး။ ရွာသားတွေကတော့ သူ့အမေဟာ ခွေးကိုက်ခံရလို့ သေဆုံးခဲ့တာလို့ ပြောကြတယ်။ နောက်တော့ မိခင်တူတဲ့ ညီလေးတစ်ယောက် သူ့မှာရှိနေသေးကြောင်း ကီဖာ သိလာရပါတယ်။ ရွာထဲကလူတွေဆီကလည်း အမျိုးမျိုးသော စကားတွေ ကြားလာရတယ်။ အမွေလက်ခံဖို့ ရောက်လာတဲ့ ကီဖာ ဘာတွေ ဆက်ကြုံရဦးမလဲ၊ ရွာသားတွေကရော ဘာတွေ လျှို့ဝှက်ထားကြတာလဲဆိုတာကို ဟာသနဲ့ ထိတ်လန့်စရာတွေ ရောထားတဲ့ သမန်းဝံပုလွေဇာတ်လမ်းထဲမှာ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း