ဇာတ်ကားများ ရွေးရန်

A Christmas Masquerade

2022ဇာတ်ကားအမှတ် 6.6/1090 မိနစ်

လော်ရာနဲ့ ဂျူလီယန်းက အလုပ်အတူလုပ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ လော်ရာက ပြည်သူ့ဆက်ဆံရေးအလုပ် လုပ်ပြီး ဂျူလီယန်းကတော့ သူ့လက်ထောက်အဖြစ် လုပ်ပေးနေတယ်။ တစ်နေ့မှာ အလုပ်တွေပိနေတဲ့ လော်ရာက ခဏလောက် အေးအေးဆေးဆေး နားချင်တာနဲ့ ပါတီတစ်ခုကို သူ့အစား ဂျူလီယန်းကို သွားတက်ခိုင်းလိုက်ပါတယ်။ ပါတီမှာ လော်ရာအဖြစ် ဟန်ဆောင်နေတဲ့ ဂျူလီယန်းဟာ ဟန်ဆောင်ရင်းနဲ့ပဲ မိုက်ကယ်ဆိုတဲ့ ခန့်ညားတဲ့အမျိုးသားတစ်ယောက်အတွက် ပြည်သူ့ဆက်ဆံရေးအလုပ် လုပ်ပေးရဖို့ ဖြစ်လာတယ်။ ဒီတော့ နှစ်ယောက်သား မတတ်သာဘဲ ရာထူးတွေပါ လဲလိုက်ကြရပါတယ်။ လော်ရာက လက်ထောက်ဖြစ်သွားပြီး ဂျူလီယန်းက သူ့နေရာမှာ အလုပ်ဝင်လုပ်ရတော့တာပါ။ ဒီလိုနေရာလွဲနေတဲ့ သူငယ်ချင်းနှစ်ယောက် ဂွကျတဲ့ မိုက်ကယ်နဲ့ ဘယ်လိုစခန်းသွားကြမလဲဆိုတဲ့ ခရစ္စမတ်ကာလ အချစ်ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း