ဇာတ်ကားများ ရွေးရန်

She's Dating the Gangster

2014ဇာတ်ကားအမှတ် 7.2/10105 မိနစ်

ကန်းနက်ဟာ မိခင်ဆုံးပါးသွားကတည်းက ဖခင်ကို စိတ်နာနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မိခင်ရဲ့သေဆုံးမှုမှာ ဖခင်ရဲ့ ပတ်သက်မှုမကင်းဘူးလို့ သူက ယူဆနေပါတယ်။ မိဘနှစ်ယောက်ရဲ့ အတိတ်အကြောင်းကို သိချင်လာတဲ့အခါ ကန်းနက်က ပြန်လည်တူးဖော်ကြည့်ပါတော့တယ်။ ဖခင်က ဘာကြောင့် ရယ်ရယ်ပြုံးပြုံး မရှိတော့တာလဲ၊ မိခင်ဆုံးပါးရတာ ဖခင်ကြောင့်လို့ ကန်းနက်က ဘာကြောင့်ထင်နေတာလဲ၊ ဖခင်ဘက်မှာရော ဘယ်လိုအမှားတွေ ရှိခဲ့တာလဲ။ အတိတ်ကို ပြန်လိုက်ကြည့်ရင်း ကန်းနက် ဘာတွေသိလာမလဲဆိုတာကို ဒန်နီရယ်နဲ့ ကတ်သရင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၄ ခုနှစ်ထွက် ဖိလစ်ပိုင်အချစ်ဒရာမာမှာ ပြောပြထားပါတယ်။

ဇာတ်လမ်းအကြောင်း