Holly and the Hot Chocolate
ပိုင်းဖောဟာ ပွဲတော်တွေကို အလွန်ခုံမင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ပါ။ ဒါပေမယ့် အဲဒီမြို့မှာနေတဲ့ ရူဒီကတော့ ဇနီးဆုံးပါးသွားကတည်းက ခရစ္စမတ်ကို စိတ်မဝင်စားတော့ဘူး။ တစ်မြို့လုံး ကြိုက်ကြတဲ့ ချောကလက်ပူကိုတောင် လုံးဝမထိတော့ပါဘူး။ ဟော်လီကတော့ သူနဲ့ဆန့်ကျင်ဘက်၊ ခရစ္စမတ်ဆို အရမ်းပျော်တတ်တဲ့သူပါ။ ရည်းစားနေထိုင်ရာ ဘော်စတွန်ကို သွားရင်း လမ်းမှာ ကားမတော်တဆမှုဖြစ်ပြီး ရူဒီတို့မြို့လေးမှာ သောင်တင်နေခဲ့တယ်။ အဲဒီကနေ ဟော်လီနဲ့ ရူဒီတို့ကြား အချစ်ဇာတ်လမ်း စလာပါတယ်။ Ryan Farrel နဲ့ Hanna Gaffney တို့ ပါဝင်ထားပြီး ခရစ္စမတ်ပွဲတော်အငွေ့အသက်တွေနဲ့ ပေါ့ပေါ့ပါးပါး တင်ဆက်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း