Delirium
Tom Walker ဟာ စိတ်ရောဂါကုဆေးရုံမှာ နှစ်နှစ်ဆယ်ကြာ နေခဲ့ပြီးနောက် ပြန်လွတ်လာပါတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ ရက်သုံးဆယ် အကျယ်ချုပ်နေဖို့ လိုသေးတာကြောင့် မိဘတွေချန်ခဲ့တဲ့ အိမ်ကြီးမှာ တစ်ယောက်တည်း နေရတယ်။ မိဘတွေက သူတို့ငယ်ငယ်ကတည်းက ကွဲသွားခဲ့ပြီး အဖေကလည်း Tom ပြန်မလွတ်လာခင် ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါ။ အစ်ကို Alex ကတော့ ထောင်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ အိမ်ကြီးထဲ တစ်ယောက်တည်း နေတုန်း Tom ဟာ အသံတွေကြားရတာ၊ ထူးဆန်းတဲ့ဖုန်းတွေ ဝင်လာတာနဲ့ ကြုံလာရတယ်။ မိန်းကလေးတစ်ယောက် ရေနစ်နေတဲ့ မြင်ကွင်းကိုလည်း မကြာခဏ မြင်နေရပါတယ်။ တစ်နေ့ မုန့်မှာစားရင်း မုန့်လာပို့တဲ့ Lynn ဆိုတဲ့ မိန်းကလေးကို သဘောကျသွားပေမယ့် သူ့ခံစားချက်ကို ဖွင့်ပြောဖို့ ကြိုးစားနေချိန်မှာပဲ ထောင်ထဲရှိနေရမယ့် အစ်ကို Alex ကို အိမ်ထဲမှာ စမြင်လာရတယ်။ သူကြုံနေရတာတွေက အရင်က စိတ်ဒဏ်ရာတွေကြောင့် ထင်ယောင်ထင်မှား ဖြစ်နေတာလား၊ အိမ်ကြီးမှာပဲ တကယ်ခြောက်လှန့်နေတာလား။ Lynn နဲ့ အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ မေးခွန်းရှိသလို ရက်သုံးဆယ် အကျယ်ချုပ်ကာလကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ပါ့မလားဆိုတာလည်း မသေချာသေးပါဘူး။
ဇာတ်လမ်းအကြောင်း