Freeway
အသက် ၁၅ နှစ်ပဲရှိသေးတဲ့ ဗန်နက်ဆာဟာ သူမမွေးခင်ကတည်းက အဖေမရှိတော့လို့ အမေနဲ့ ပထွေးတို့နဲ့အတူ နေနေရပါတယ်။ အမေက အပျော်မယ်အဖြစ် အလုပ်လုပ်ပြီး ပထွေးကတော့ မူးယစ်ဆေးစွဲနေတဲ့ ထောင်ထွက်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့နှစ်ယောက်လုံး မူးယစ်ဆေးမှုနဲ့ ထောင်ကျသွားတော့ ဗန်နက်ဆာကို မိဘမဲ့စောင့်ရှောက်ရေးဆီ ပို့ဖို့ဖြစ်လာတယ်။ အရင်က အဲဒီနေရာကို ရောက်ဖူးတဲ့ ဗန်နက်ဆာက ထပ်မသွားချင်တော့ တစ်ခါမှမတွေ့ဖူးတဲ့ အဘွားဆီ ထွက်ပြေးလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းခရီးမှာ ကားပျက်ပြီး အဝေးပြေးလမ်းပေါ် ဒုက္ခရောက်သွားတယ်။ အဲဒီအချိန်မှာ ကူညီမယ့်သူတစ်ယောက် ပေါ်လာပေမယ့် သူက သတင်းတွေထဲမှာ နာမည်ကြီးနေတဲ့ အိုင်ဖိုက် အဝေးပြေးလမ်း စိတ္တဇလူသတ်သမား ဖြစ်နေပါတယ်။
ဇာတ်လမ်းအကြောင်း