ဇာတ်ကားများ ရွေးရန်

Are We There Yet?

2005ဇာတ်ကားအမှတ် 5.6/1095 မိနစ်

နစ်ခ်ပါဆန်က ငွေကြေးပြည့်စုံပြီး မိန်းကလေးတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် တွဲရင်း ဘဝကို အပူအပင်မရှိ ဖြတ်သန်းနေသူပါ။ ဒါပေမယ့် ကလေးတွေကိုတော့ ကြည့်လို့မရဘူး။ သူ့အတွက် ကလေးဆိုတာ စိတ်တိုအောင် အမြဲလုပ်နေတဲ့ ပြဿနာကောင်လေးတွေပဲ။ အဲဒီလိုလူကမှ ကလေးနှစ်ယောက်အမေ ဆူဇန်ကို သဘောကျမိသွားပါတယ်။ ဆူဇန်ကတော့ နစ်ခ်ရဲ့စရိုက်ကို မကြိုက်လို့ ငြင်းလိုက်ပြီး သူငယ်ချင်းအဖြစ်ပဲ လက်ခံထားတယ်။ နှစ်သစ်ကူးမှာ ဆူဇန်ရဲ့ကလေးနှစ်ယောက်ကို ကနေဒါဆီ ခေါ်လာပေးဖို့ အကြောင်းဖန်လာတော့ နစ်ခ်က ဆူဇန်ဆီမှာ အမှတ်ရဖို့ အခွင့်အရေးလို့ မြင်လိုက်ပါတယ်။ ခက်တာက ကယ်ဗင်နဲ့ လင်ဆီတို့ကလည်း အလွယ်တကူ ထိန်းလို့ရမယ့် ကလေးတွေ မဟုတ်ဘူး။ နစ်ခ် ဘာရည်ရွယ်ချက်နဲ့ လုပ်ပေးနေသလဲဆိုတာလည်း သူတို့က သိနေကြတယ်။ ဒီကလေးနှစ်ယောက်က နစ်ခ်ကို ဘယ်လိုပညာပြကြမလဲ၊ သူကရော ကနေဒါအထိ ချောချောမောမော ခေါ်သွားနိုင်ပါ့မလား၊ ဆူဇန်နဲ့ ဆက်ဆံရေးမှာရော သူမျှော်လင့်သလို ဖြစ်လာပါ့မလားဆိုတာကို မိသားစုဟာသပုံစံနဲ့ ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း