Darby and the Dead
ဒါဘီက ငယ်ငယ်ကတည်းက အမေ့လို ပန်းပွားအကမယ် ဖြစ်ချင်ခဲ့တာပါ။ တစ်နေ့ ပါဟာကမ်းခြေမှာ အမေနဲ့အတူ ရေဆော့နေတုန်း လှိုင်းပုတ်ခံရပြီး နှစ်ယောက်လုံး အသက်ဆုံးရှုံးသွားကြတယ်။ ဝိုင်းဝန်းအသက်ကယ်ပေးကြပေမယ့် ဒါဘီတစ်ယောက်တည်းသာ အသက်ပြန်ရှင်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့မှာ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေကို မြင်နိုင်တဲ့ အစွမ်းတစ်ခု ရလာတယ်။ ဒါဘီဟာ ဝိညာဉ်တွေ လူ့ဘဝမှာ မပြီးပြတ်ခဲ့တဲ့ကိစ္စတွေကို ကူညီဖြေရှင်းပေးပြီး နောင်ဘဝကို ကူးနိုင်ဖို့ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ ဒါပေမဲ့ ကျောင်းမှာတော့ သူ့ကို အကြောင်မလေးလို့ ပြောကြပြီး အပေါင်းအသင်းမရှိဘဲ အနှိမ်ခံနေရတယ်။ တစ်နေ့မှာ ဒါဘီကို မုန်းတဲ့ နာမည်ကြီးပန်းပွားအကအဖွဲ့ခေါင်းဆောင် ကာပရီဟာ လျှပ်စစ်ဆံပင်ကောက်စက်ကြောင့် သေဆုံးသွားပါတယ်။ ကာပရီက သူ့ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့ပါတီကို ကျင်းပချင်နေသေးတာကြောင့် နောင်ဘဝကို မကူးနိုင်သေးဘူး။ သူ့ကို မြင်နိုင်တဲ့ ဒါဘီဆီ အတင်းအကြပ် အကူအညီတောင်းတော့ ဒါဘီလည်း လက်ခံလိုက်ရတယ်။ ကျောင်းမှာ လူသိနည်းပြီး အနှိမ်ခံနေရတဲ့ ဒါဘီအတွက် သေဆုံးသွားပြီဖြစ်တဲ့ နာမည်ကြီးကာပရီရဲ့ မွေးနေ့ပါတီကို စီစဉ်ပေးရဖို့ ဖြစ်လာပါတယ်။
ဇာတ်လမ်းအကြောင်း