ဇာတ်ကားများ ရွေးရန်

Antz

1998ဇာတ်ကားအမှတ် 6.1/1083 မိနစ်

ဇီဆိုတဲ့ ပုရွက်ဆိတ်လေးက သူ့ကိုလိုနီထဲက တခြားပုရွက်ဆိတ်တွေနဲ့ အတွေးအမြင်မတူသူပါ။ လက်ရှိနေရတဲ့နေရာမှာ မပျော်ဘဲ တခြားနေရာသစ်တစ်ခု ရှိလိမ့်မယ်လို့ ယုံကြည်နေတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်း ဒီနေရာက သူနဲ့မကိုက်တဲ့အကြောင်း ညည်းတွားနေတတ်ပါတယ်။ တစ်နေ့ ဘယ်လာဆိုတဲ့ ပုရွက်ဆိတ်မင်းသမီးလေးနဲ့ တွေ့ဆုံပြီးနောက် ဇီရဲ့ဘဝ ပြောင်းလဲလာတယ်။ သူချစ်တဲ့ မင်းသမီးလေးနဲ့ နီးစပ်ဖို့ ဘယ်လိုကြိုးစားမလဲ၊ လမ်းမှာကြုံလာတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် နီးစပ်ခွင့်ရပါ့မလားဆိုတာကို ဇာတ်လမ်းက ဆက်ပြထားပါတယ်။ ၁၉၉၀ ပြည့်နှစ်များက ထွက်ရှိခဲ့တဲ့ ဒီအန်နီမေးရှင်းကို Tim Johnson နဲ့ Eric Darnell တို့ ပူးတွဲရိုက်ကူးထားပြီး Sylvester Stallone နဲ့ Jennifer Lopez တို့ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း